Ending part 1(Unicode)

3.2K 127 0
                                    

"အဲ့တာဘဲပိုင်ကြီး.....ငါ့မှာရွေးချယ်စရာမရှိဘူး......"

စိတ်ထဲမွန်းကျပ်လွန်း၍ ပိုင်ဦးမောင်နှင့်တစ်နေရာမှာ
တွေ့ဖို့ချိန်းလိုက်ကာ ဟန်သာ့အဖေပြောတာတွေကို
အကုန်ပြောပြလိုက်၏။

ပိုင်ဦးမောင်ကခေါင်းခါသည်။ပြီးနောက်.....

"ဟန်သာလက်ခံပါ့မလား....."

"လက်မခံလည်း....ရအောင် ပြောကြည့်ရမှာဘဲကွ....
သူနေ့တိုင်းစိတ်ဆင်းရဲနေရတာကို ငါမကြည့်ရက်ဘူး...
ငါနဲ့တူတူနေနေရပေမဲ့ကွာ....သူပျော်နေတယ်လို့
ငါမခံစားရဘူး....သူလည်း အပြည့်အဝပျော်မှာ မဟုတ်ဘူး...."

"ဟုတ်တော့ဟုတ်ပါတယ်....ဒါပေမဲ့...တစ်နှစ်ဆိုတဲ့ အချိန်က...နည်းနည်းလေးမဟုတ်ဘူးနော်....
ဒီကြားထဲ....မင်းတို့ အဆက်အသွယ်လည်း မလုပ်ရဘူးလေ.....ဟန်သာ့အဖေကနည်းနည်း များတယ်ကွာ....အဆက်အသွယ်မလုပ်ရဘူး ဆိုတာကြီးကတော့....ရက်စက်လွန်းတယ်......"

ဖြိုးမင်းသူရတစ်ယောက် သက်ပြင်းချသည်။
ထို့နောက် ခပ်တိုးတိုးပြောသည်။

"မိဘလေကွာ....သူ့ဘက်ကကြည့်တော့လည်း....."

ဖြိုးမင်းသူရနှင့်ဟန်သာတို့ရဲ့ ကံကြမ္မာကိုက ဝေးဖို့များ ဖြစ်လာသလား။ နီးစပ်ဖို့ကျန်ရုံရှိသေး... ထပ်ပြီးဝေးကွာကြမယ်ဆိုရင် ဟန်သာကရော
လက်ခံပါ့မလား....။ပိုင်ဦးမောင် စိုးရိမ်စိတ်ဖြစ်နေသည်။
သေချာသည်ကတော့ ဟန်သာငြင်းနိုင်သည်။

"ဒါနဲ့....ဟန်သာ့ကို မင်းဘယ်တော့ပြောမှာလဲ....."

"ငါအားလုံးစီစဉ်ပြီးမှ အသိပေးလိုက်တော့မယ်...."

ဖြိုးမင်းသူရသည်လည်း ဟန်သာနှင့်ဝေးရမှာကို
မလိုလားမှန်း ပိုင်ဦးမောင်သိပါသည်။ သို့ပေမဲ့ ဖြိုးမင်းသူရရဲ့ပုံစံကိုက ဟန်သာပျော်ဖို့ဆို အကုန်လုပ်ပေးမဲ့
လူစားမျိုး....။ သူကလက်ရှိအချိန်ထက်.... ရေရှည်ပျော်ရွှင်ဖို့ကို ပိုပြီးဂရုစိုက်တတ်တဲ့ လူစားမျိုး
ဖြစ်သည့်အတွက်....တားလို့လည်းရမည်မထင်။

ဟန်သာဘယ်လိုလုပ်မလဲ ဆိုတာကိုဘဲ
စောင့်ကြည့်ရတော့မည်။

ကားကိုခြံထဲသွင်းပြီး အိမ်ထဲဝင်ရန်ဟန်ပြင်တော့
အိမ်ပေါက်ဝမှာ ငုတ်တုတ်ထိုင်ကာ လက်နှစ်ဖက်ကို မေးထောက်လျှက် မျက်နှာတစ်ခုလုံး စူပုတ်ထားသော
ဟန်သာ့အား တွေ့လိုက်ရသည်။

❤Love is Smiling❤  (Z/U)(Completed)                            Where stories live. Discover now