Part 28(Unicode)

2.8K 138 0
                                    

ရွှေဝါရောင်နေမင်းကြီးကို တိမ်ညိုတိမ်မဲအချို့က
ကမ္ဘာမြေပြင်နှင့် မတွေ့ဆုံစေရန် ကာဆီးထားကြသည်။
ကောင်းကင်တစ်ခွင်တွင် လင်းလက်သွားပြီးနောက်
တဆက်ထဲမှာပင် ကျယ်လောင်သော မိုးခြိမ်းသံက
ကြောက်မက်ဖွယ်ရာ ထွက်ပေါ်နေသည်။

သဘာဝတရားရဲ့ အသိပေးချက်အရ မကြာခင် မိုးရွာတော့မည်ဆိုတာကို သိရသည်။ အိုက်စပ်ပူလောင်လှသော ရာသီမှာ
ရာသီချိန်မဟုတ်ရွာသောမိုးကြောင့် အပူဒဏ်လျော့နည်းသွားတော့မည်ကို ဝမ်းမသာနိုင်။
ပတ်ဝန်းကျင်အခြေအနေက ပို၍ဝမ်းနည်းအောင်
ဖန်တီးပေးထားသလိုပင် ဝမ်းနည်းမှုကို နှစ်ဆတိုးစေသည်။

ဒီနေ့သည်ကား ....
အချစ်ကြီးသူ ကောင်မလေး တစ်ယောက်အား သဂြိုလ်မည့်နေ့........

မှန်ပုံးထဲမှ အဖြူရောင် ဂါဝန်ရှည်လေးနှင့်ကောင်မလေးသည် ခန္ဓာကိုယ်နှင့်ဝိညာဉ်ပြိုကွဲသွားပြီလို့ မထင်ရ....
Disneyထဲမှ Princess Auroraလိုပင်
နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေဟန်နှင့် တူသည်။

သို့သော် လက်တွေ့ဘဝမှာ
သူမအားလာနှိုးပေးမဲ့ မင်းသားလေးမရှိခဲ့သလို.....
သူမသည်လည်း အသက်ပြန်ရှင်လာနိုင်တော့မည် မဟုတ်။

သူမအား ချစ်ခင်ကြသူများကတော့
ဘာမှမခံစားမသိရှိနိုင်တော့တဲ့ သူမခန္ဓာကိုယ်လေးကို
ကြည့်ကာ အော်ဟစ်ငိုယိုနေကြတုန်း.....။

"အမရယ်.....စိတ်ကိုထိန်းပါ....အမသမီးလေးတွေ့ရင်
စိတ်ထဲကောင်းမှာမဟုတ်ဘူး...တရားနဲ့ဖြေပါအမရယ်...."

"လူဆိုတာ တစ်နေ့သေရမှာပါဘဲ....
ကျန်ခဲ့တဲလူက ဆက်အသက်ရှင်ရမှာဘဲလေ...
အရမ်းကြီးမခံစားပါနဲ့....ကိုယ့်ကျန်းမာရေးကလည်း
ရှိသေးတယ်လေ......"

"ကျွန်မတို့ နားလည်ပေးနိုင်ပါတယ်....
ဒါပေမဲ့....အမလဲသွားလိမ့်မယ်နော်....သမီးကလည်း
ပြန်အသက်ရှင်လာတော့မှာမှ မဟုတ်တာ...."

အမျိုးမျိုးနှစ်သိမ့်နေသူတွေကြား မျက်ရည်စက်လက်နှင့်
သမီးဖြစ်သူအတွက် ပူဆွေးသောကရောက်နေသော
မိခင်တစ်ယောက်။ ဘေးလူတွေက ဘယ်လောက်ဘဲ
နားလည်နိုင်ပါတယ်ပြောပြော ကိုယ်ဝမ်းနဲ့လွယ်ပြီး
မွေးခဲ့ရတဲ့ကလေးတစ်ယောက် ကိုယ့်ထက်အရင် ထွက်ခွာသွားရတာ တရားနဲ့ဖြေယုံနဲ့ လုံလောက်နိုင်သလား.....။

❤Love is Smiling❤  (Z/U)(Completed)                            حيث تعيش القصص. اكتشف الآن