Part 19(Unicode)

1.7K 129 3
                                    

အိမ်ပြန်ရောက်တော့ အကိုဖြစ်သူ၏
သာယာနာပျော်ဖွယ် မကောင်းသော အသံနှင့် ရင်ဆိုင်ရလေသည်။

"ဟဲ့.....မေနှင်း...နင်ဘယ်တွေသွားနေတာလဲ...."

"အပြင်လေ...ကိုကိုမှ လိုက်မပို့ပေးတာ
ကိုဖြိုးတို့နဲ့သွားတာ...."

"ဘယ်လိုဖြစ်ပြီး သူတို့နဲ့သွားတာလဲ....."

"ညီမလေး ဖုန်းလှမ်းဆက်လိုက်တာ hee...."

"ငါ့ကိုနည်းနည်းပါးပါး အကြောင်းကြားပြီးမှ
သွားပါလား...ဖုန်းဆက်တော့လည်း ဖုန်းကမကိုင်ဘူး....
နင်လျှောက်သွားလို့တစ်ခုခုဖြစ်ရင် ငါ့အပြစ်လာမှာ...."

ပိုင်ဦးမောင်၏စကားကို စိုးရိမ်တတ်ရန်ကောဆိုသည့်
အကြည့်ဖြင့် မေနှင်းကကြည့်သည်။ ဒါနဲ့တင်မပြီးသေး....

"နင်ရန်ကုန်မှာ ကျောင်းတက်လို့ရအောင် ငါကဝိုင်းပြောပေးထားရတာ နင်သာတစ်ခုခုဖြစ်ကြည့်
ငါ့အမေရော နင့်အမေငါ့အဒေါ်ကရော ဝိုင်းပြောကြမှာ...
€$¥$£#&×£;×£&$&"

အကိုဖြစ်သူပိုင်ဦးမောင်၏ ပေါက်ပေါက်ဖောက်သံကို
ကြာတော့ မေနှင်း နားမခံနိုင်တော့ပေ။

"တော်ပါတော့ ကိုကိုရယ်...အခုလည်းမေနှင်းဘာမှ
မဖြစ်ပါဘူး....စုံစမ်းစရာရှိလို့သာသွားတာ...."

မေနှင်းစကားကို ပိုင်ဦးမောင်နားမလည်.....

"ဘာစုံစမ်းစရာလည်း........"

မေနှင်းကသူ့မေးစေ့ကို လက်ဖြင့်ပွတ်ရင်း
ဆရာကြီးစတိုင်ဖြင့်ပြောသည်။

"ကိုကို.....
ကိုဖြိုးနဲ့ အကိုဟန်သာက မရိုးဘူးမလား....."

"ဘာ....ဘာမရိုးတာလဲ....."

"ကိုကို မသိခြင်ထောင် ထောင်မနေနဲ့....ညီမလေး
အကုန်သိပြီးပြီ.....ကိုဖြိုးနဲ့အကိုဟန်သာက
ရိုးရိုးသူငယ်ချင်းထက် ပိုတယ်မလား....."

*မေနှင်းက ဘယ်လိုသိသွားရတာလဲ...ဟန်သာများ
ပြောပြတာလား..မဖြစ်နိုင်ဘူး...သူကဘာလို့ပြောမှာလဲ*

"နင်...နင်ဘယ်လိုလုပ်သိတာလဲ....."

အကိုဖြစ်သူ၏ အံဩနေပုံနှင့် စကားအသွားအလာများအရ
မေနှင်းအထင် ၁၀၀%သေချာသွားပြီဆိုတာ သိလိုက်သည်။

❤Love is Smiling❤  (Z/U)(Completed)                            Where stories live. Discover now