one

29.1K 1.1K 50
                                    


Zawgyi


"Kim Mingyu..... တံခါးဖွင့်....''

အခန်းတံခါးဖွင့်သံ တဒုန်းဒုန်းနှင့်အတူ ကြားလိုက်ရတဲ့ အသံစာစာလေးကြောင့် ဂြိုလ်ကောင်လေး ရောက်လာပြီ ဆိုတာကို ချက်ချင်းသိလိုက်သည်။

Mingyu အင်္ကျီ ကို ခပ်မြန်မြန်လဲကာ အခန်းတံခါးကို ပြေးဖွင့်ပေးလိုက်ရသည်။

တံခါးဖွင့်ပေးသည်နှင့် တပြိုင်နက် စူပုတ်ပုတ် မျက်နှာနှင့် ဝင်လာကာ သူ့ကုတင်ပေါ်မှာ စွေ့ခနဲ ဝင်ထိုင်လိုက်သည်။

"Kookie ဒီနေ့ ကျောင်းမသွားဘူးလား.....''

"မသွားဘူး.....''

ကြည့် ဖြေပုံက ရိုက်သတ်ချင်စရာ ကောင်းအောင်ကို ဘုကလန့်။

"ဘာဖြစ်လို့လဲ..... ''

"Hyung ကို စိတ်ဆိုးနေတာ.....''

ကဲကြည့် ကျွန်တော့ကို စိတ်ဆိုးနေတဲ့သူက ကျွန်တော့ အခန်းလာပြီး သူစိတ်ဆိုးနေတယ် ဆိုတဲ့အကြောင်းကို တကူးတက လာပြောနေသည်။

"Kookie က ဘာလို့ စိတ်ဆိုးတာလဲ Hyung က စိတ်ဆိုးရမှာ မဟုတ်ဘူးလား....''

"မနက်က Hyung ကျွန်တော့ကို ဖုန်းဆက်ပြီး ဘာလို့ မနိုးတာလဲ....''

ဪ ဒီကိစ္စကို ကောက်နေတာကိုး။

"Kookie ကရော မနေ့က Hyung ကိုဘာလို့ ဟိုမှန်ကြောင်မနဲ့ ထားခဲ့သလဲ....''

သူပြောလိုက်တာကြောင့် ငနဲလေးက ဇာတ်ကလေးပုကာ ငြိမ်ကျသွားသည်။

သူနှင့် kookie က အိမ်ချင်းကပ်ရပ်ဖြစ်ပြီး ငယ်ငယ်ကတည်းက အခုထိ uni တက်တော့လည်း အတူတူပင်ဖြစ်သည်။

Kookie မှာက မိဘ နှစ်ပါးလုံးမရှိတော့ပါ။

သူအထက်တန်းအောင်သည့် နှစ်ကပင် car accident ကြောင့် ဆုံးသွားကြ၍ ဦးလေးဖြစ်သူ Yoongi Sanchoon နှင့်အတူနေတာဖြစ်သည်။

အစကတည်းက အလိုလိုက်ခံရသော kookie ဟာ မိဘမဲ့လေးဖြစ်တော့ ပိုဆိုးသွားသည်။

ဆူစရာတွေ့လည်း မဆူရက် ရိုက်ဖို့ဆိုလျှင်လည်း လက်နဲ့တောင် မရွယ်ရက်ခဲ့ပေ။

CANCER (Completed)Where stories live. Discover now