eight

6K 621 122
                                    



Zawgyi



စီးကရက် မီးခိုးတွေ တလွင့်လွင့် တက်နေကြတာကို စူးစိုက်ကြည့်နေရင်း တစ်ချက်တစ်ချက် အံကြိတ်ပစ်လိုက်သော မေးရိုးတို့မှာ တင်းခနဲ လှုပ်ခတ်သွားတက်သည်။

ထိုင်ခုံပေါ်မှာ ကိုယ်ကို ခပ်လျောလျောမှီ၍ စီးကရက် တစ်လိပ်က လက်ကြားညပ်ထားတာမဟုတ်။

ညာဘက်လက်ညှိုးနှင့် လက်ခလယ်ကြားမှာ ထည့်ကိုင်ထားသည်ဖြစ်ကာ သူ့မျက်လုံးတို့သည် တလွင့်လွင့် တက်နေသော မီးခိုးများဆီမှာ။

အခန်းထဲက ဓာတ်ပုံရှေ့မှာ ထိုင်နေရင်း စီးကရက်ကို သောက်နေသည်မှာ ဘယ်နှစ်လိပ်မြောက်နေသည်ပင် မသိတော့။

လက်ထဲမှ သောက်နေဆဲ တစ်ဝက်သာသာတိုကျသွားပြီဖြစ်တဲ့ စီးကရက်ကို အခန်းပြတင်းပေါက်ကနေ တောက်ထုတ်ပစ်လိုက်သည်။

ခြေထောက်နှစ်ဖက်လုံးကို ဘေးကစားပွဲပေါ်တင်ထားက မျက်ဝန်းတွေကလည်း စူးရဲကာ အလိုမကျမှုက အထင်းသား။

ခြေပြန်ချဖို့နောက်ကို ခြေထောက်အရုတ်မှာ စားပွဲပေါ်မှ ဘူးထဲက မထုတ်ရသေးသော ရေမွှေးပုလင်းက ခြေဖျားနှင့် တိုက်မိပြီး လဲကျသွားသည်။

သူ ထိုရေမွှေးပုလင်းကို သေချာပြန်ထောင်ရင်း နှုတ်ခမ်းထက်မှ ကွေးညွတ်သွားသယောင်။

ကိုယ့်ကို မြင်လိုက်တိုင်း မင်းဘာဖြစ်လို့ ကြောက်ကြောက်လန့်လန့် ဖြစ်သွားရတာလဲ Jung Kook။

အဲ့ဒီ့မျက်လုံးတွေကို ကိုယ်မကြိုက်ဘူး။

ဒါပေမယ့် အလန့်တကြား ပွင့်ဟသွားတဲ့ နှုတ်ခမ်းပါးရဲရဲလေးကိုတော့ ကြိုက်တယ်။

မင်းကိုယ့်ကို ကြောက်နေဖို့ မလိုဘူး။

ကိုယ်ပေးခဲ့သမျှက မင်းကြောက်ဖို့မှ မဟုတ်တာ။

ထိုစဉ် Yeontan က သူ့ခြေထောက်နားရောက်လာကာ ခြေဖမိုးကို ငုံ့နမ်းပြီး သူ့ကိုမော့ကြည့်သည်။

သူ Yeontan ကို ကောက်ပွေ့လိုက်ရင်းမှ....

"ဒီတစ်ခေါက် ကစားပွဲမှာ Yeontan မင်းလည်းပါရမယ်.....''

CANCER (Completed)Where stories live. Discover now