twenty five

4.6K 475 37
                                    



Zawgyi



စားပွဲပေါ်မှာ တင်ထားတဲ့ ဓာတ်ပုံလေးကိုကြည့်ပြီး သူ့မှာ အံတစ်ကြိတ်ကြိတ်။

ဓာတ်ပုံထဲမှာက ကမ်းခြေမှာ ပုပုမဲမဲခွေးလေးတစ်ကောင်နဲ့ ပြေးလွှာကစားနေတဲ့ သူ့ကလေးရဲ့ ဘေးတိုက်မျက်နှာတစ်ခြမ်း။

ဘယ်လိုပဲကြည့်ကြည့်ပျော်နေပုံက သိသာလွန်းသည်။


"Mingyu မင်းဘာဆက်လုပ်မှာလဲ......''

ဘေးမှာထိုင်နေတဲ့ Yugyeom က တင်းမာနေတဲ့ သူ့မျက်နှာကိုကြည့်ပြီး မေးလာခြင်းပင်။

"သူတို့အခု ဘယ်မှာလဲ.......''

"Jeju......Kim Tae Hyung ရဲ့ Jeju က အပန်းဖြေအိမ်မှာ.....သိတဲ့သူသိပ်မရှိတော့ ငါ့တို့စုံစမ်းရခက်နေတာ......''

"မင်းယုံလား Yugyeom...... ကလေးက သူ့ကို အတင်အဓမ္မခေါ်သွားတဲ့ အလူဆီမှာ ပျော်နေတယ်ဆိုတာ........''

"Jung Kook အဲ့လူဆီမပါသွားခင် မင်းကို ချစ်တယ်လို့ ပြောသွားတယ်မှတ်လား.......''

Yugyeom ပြောလိုက်တော့ သူ ခပ်မဲ့မဲ့တစ်ချက်ပြုံးမိသည်။

"ဒါ....ဒါပေမယ့် ငါ...ငါထပ်ရှုံးမှာကြောက်နေတယ်......''


Yugyeom က သူ့ပုခုံကို တစ်ချက်ပုတ်လိုက်ရင်းမှ......

"ရုံးမှာလည်းမဟုတ်သလို ကြောက်စရာလည်း အကြောင်းမရှိဘူး Mingyu......Jung Kook က အစကတည်းက မင်းအပိုင်လေ.....ကိုယ်ပိုင်တဲ့အရာကို ကိုယ်ပြန်ယူတာ ဘယ်သူ့ကိုမှ ကြောက်နေစရာမလိုဘူး.......''


Yugyeom ရဲ့အပြောကြောင့် သူ့နှုတ်ခမ်းမှာ အပြုံးရေးရေးလေးက ပေါ်လာခဲ့သည်။

ဟုတ်တယ် ကလေးက သူ့အပိုင် ဟိုးအရင်ကတည်းကရော အခုအချိန်အထိ ကလေးက သူ့ဆိုတဲ့လူသားရဲ့အပိုင်။

ကိုယ်ပိုင်တဲ့အရာကို ကိုယ်ပြန်ယူတဲ့ဟာ ဘယ်သူ့ကိုကြောက်နေရအုံးမှာလဲ။


"အင်း.....ကလေးကို Kim Tae Hyung ဆီက ငါရအောင်ပြန်ယူမယ်..........''





-------


တစ်နေ့တစ်နေ့ ဘာမှထွေထွေထူးထူးလုပ်စရာမရှိတဲ့ Jung Kook က ပျင်းရင် Yeontan နဲ့ကစားလိုက် TV ကြည့်လိုက် တစ်ခါတစ်လေ ဘေးအိမ်ကအမွှားလေးနှစ်ယောက်နဲ့ စကားသွားပြောလိုက် ဒါပဲ။

CANCER (Completed)Where stories live. Discover now