twenty eight

4.9K 453 54
                                    




Zawgyi




ဖုန်းသံသဲ့သဲ့ကြောင့် Tae Hyung နိုးလာတယ်။

ရင်ခွင်ထဲက ပိုးတုံးလုံးလေး နိုးသွားမှာစိုးတာကြောင့် ဖုန်းကိုခပ်မြန်မြန်ကိုင်လိုက်ရတယ်။

သူ့လှုပ်ရှားမှုကြောင့် တစ်အီအီဖြစ်သွားတဲ့အကောင်းပေါက်ကို ကလေးချော့သလို ပုခုံး​လေးကိုဖွဖွလေးပုတ်ရင်းပြန်ချော့သိပ်လိုက်တော့ တစ်အင်းအင်းနဲ့ ပြန်အိပ်ပျော်သွားတယ်။


"ဟယ်လို......''

"........''

"ညအိပ်တော့မဖြစ်နိုင်ဘူး.......''

"......''

"စီစဉ်ပြီးသားလား......''

"......''

"ရတယ်....ကျွန်တော်ဖုန်းပြန်ဆက်လိုက်မယ်.......''


Tae Hyung လည်းဖုန်းချပြီးတာနှင့် ပြန်မအိပ်ချင်တော့တာကြောင့် ခေါင်းအုံးကို နောက်ကျောဘက်မှာသာဆင့်ပြီး ထိုင်နေလိုက်သည်။

အကောင်ပေါက်လေးကတော့ ပါးစပ်လေးပင်ဟလို့ အိပ်မောကျနေတုန်း။

သူအခုထိမယုံနိုင်သေးဘူး ဒီလူသားလေးက သူ့အပိုင်ဖြစ်လာတယ်ဆိုတာ။

သူ့ကိုလိုက်လျောပြီး ချစ်ပေးတယ်ဆိုတာကိုလည်း မယုံနိုင်သေးဘူး။

အမုန်းတွေနဲ့အစပျိုးခဲ့ပေမယ့် အခုတော့ အချစ်တွေနဲ့အဆုံးသက်ဖို့တန်ပြီထင်ပါရဲ့။

ဆံနွယ်နုနုလေးတွေကိုသပ်တင်ပေးရင်း ပါးဖောင်းဖောင်းလေးကိုအသဲယားပြီး လက်ညှိုးနဲ့ထိုးပစ်လိုက်တော့ အိခနဲပဲ။


"အင့်......''


လှုပ်လှုပ်ရွရွနဲ့ မျက်လုံးတွေကိုခပ်မှေးမှေးတစ်ဝက်စီပွင့်လာတဲ့ ကောင်လေးက ဘေးမှာလက်ပိုက်လျှက်သူထိုင်နေတာကို အခုထိမမြင်သေးဘူး။

သူပေးထားတဲ့ နီရဲရဲ အမှတ်အသားတွေက ခရမ်းရင့်ရောင်အဖြစ်သို့ပြောင်းပြီး ပုခုံးနှင့်ညှပ်ရိုးတစ်လျှောက်ရော ရင်ဘက်ဖွေးဖွေးပါမကျန် လှပစွာပနံသင့်လို့။


CANCER (Completed)Where stories live. Discover now