twenty one

4.8K 514 69
                                    



Zawgyi

ရာသီဥတုသာယာတဲ့ ညနေခင်းတစ်ခုပေါ့။

အိမ်ထဲမှာ လူသားနှစ်ယောက်ရှိသလို တစ်ယောက်တစ်မျိုးနှင့် အလုပ်ရှုပ်နေကြသည်။

Tae Hyung က Laptop တစ်လုံးနှင့် အလှုပ်ရှုပ်နေတာဖြစ်ပြီး Jung Kook ကတော့ ဆိုဖာပေါ်မှာ Yeontan နှင့် ဆော့ရင်း အလှုပ်ရှုပ်နေလေသည်။

တစ်ချက်တစ်ချက် ခိုးခိုးခစ်ခစ်ရယ်သံလေးကြောင့် Tae Hyung အလုပ်လုပ်နေရာမှ လှည့်လှည့်ကြည့်မိသည်။

Yeontan အပေါ်ချစ်သလောက် တစ်ဝက်လောက်သူ့ကို ချစ်ရင်ပဲ သူပျော်မိမှာ အမှန်ပင်။

Tae Hyung Laptop ကိုပိတ်ကာ အလုပ်စားပွဲမှထပြီး Jung Kook နဲ့ Yeontan ဆော့နေတဲ့ ဆိုဖာနားကို လျှောက်သွားလိုက်သည်။

"ရေချိုးတော့လေ.......''

"ဟင်!!...."

ရုတ်တရက်အနောက်ဘက်က ပြောလာတဲ့သူ့ကြောင့် Jung Kook သူ  ဘာကိုဆိုလိုမှန်း နားမလည်လိုက်။

Yeontan ကို ပိုက်လျှက်သားနှင့် သူ့ကို မျက်လုံးလေးဝိုင်းကာ ကြည့်နေမိသည်။

"မင်းကမ်းခြေဘက် လမ်းလျှောက်ချင်တယ်ဆို......''

ဟင်... အဲ့ဒါဆို မနေ့က Jung Kook ပြောလိုက်တဲ့စကားကို သူမမေ့ဘူးပေါ့။

"ခင်ဗျား တကယ်ပြောနေတာလား......''

သေချာရဲ့လားဆိုသည့် ပုံစံလေးနှင့် Jung Kook က Tae Hyung ကို မျက်ခုံးလေးပင့်ကာ ပြန်မေးသည်။

"ကိုယ်ဘယ်တုန်းက နောက်ဖူးလို့လဲ........''

Tae Hyung ကလည်း ဘောင်းဘီအိပ်ထဲ လက်နှစ်ဖက်ကိုထည့်လိုက်ရင်းမှ ပြန်ဖြေသည်။

"အဲ့ဒါဆို ခဏစောင့်ပေးနော်....ကျွန်တော်သိပ်မကြာဘူး......''

ပြောပြီးတာနှင့် Yeonton ကို သူ့လက်ထဲ ထိုးပေးကာ ရေချိုးခန်းထဲပြေးဝင်သွားတဲ့ ကောင်လေးကိုကြည့်ပြီး Tae Hyung ဟက်ခနဲ ရယ်မိသည်။

ကောင်လေးကိုစောင့်နေရင်းနှင့်ပင် သူ Laptop တစ်လုံးနှင့် အလုပ်ရှုပ်နေလိုက်သည်။

Jung Kook ကလည်း Tae Hyung စိတ်ပြောင်းသွားမည်စိုးသောကြောင့် မြန်မြန်ပြီးအောင်ရေချိုးဖို့ ပြေးလွှားလှုပ်ရှားနေကာမှ ဆပ်ပြာဘူးက ညစ်ချလို့မရ။

CANCER (Completed)Where stories live. Discover now