thirty (Final)

11K 571 69
                                    


Zawgyi


ကြားရတဲ့သတင်းတွေကြောင့် ညတွင်းချင်း Jeju ကိုရောက်လာခဲ့ပေမယ့် မျက်စိရှေ့မှာ မြင်နေရတဲ့မြင်ကွင်းကသိပ်မကောင်းလှ၊

ဧည့်ခန်းတစ်ခုလုံး ဖန်ကွဲပုလင်းကွဲတွေနှင့် ပြန့်ကျဲလျှက် ရှုပ်ပွကာ ဆိုဖာပေါ်တွင် ခြေပစ်လစ်ပစ်ထိုင်နေတဲ့ Tae Hyung...

သူ့ကိုမြင်တော့ ကြည့်လာတဲ့ မျက်ဝန်းတွေက ရီဝေဝေနှင့် ငွေရည်ဖွဲလျှက်......

ရှေ့က စားပွဲပေါ်မှာလည်း အရက်ပုလင်းအလွတ်တွေရော ဘီယာဘူး​တွေက မနည်းမနော....

"Tae Hyung သား......''

ခေါ်လိုက်ပေမယ့် ပြန်မထူးလာဘဲ စားပွဲပေါ်က အရက်ကိုသာ ပုလင်းလိုက်မော့နေတဲ့သူ။

"ဦးလေး သူ.....သူ လက်ထပ်တော့မှာတဲ့.......''


လူက ရီဝေဝေဖြစ်နေသည့်အလျှောက် အသံတွေကလည်း တုန်ခါနေသည်။

အချစ်က လူတစ်ယောက်အပေါ်ဒီလောက်တောင် အကျိုးသက်ရောက်မှုရှိပြီး ပြိုလဲစေနိုင်သတဲ့လား။

သတင်းစာမှာ ကြော်ငြာတာတွေ့တွေ့ချင်း စိတ်ပူပြီး သူလိုက်လာခဲ့တာ။

ဒီရောက်တော့ ဒီလို့ပုံစံမျိုးကို တွေ့ရတာပဲ။

Tae Hyung ရဲ့ဒီလောက် ပြိုလဲနေတဲ့ပုံကို ငယ်ငယ်ကတည်းက ထိန်းလာတဲ့တစ်လျှောက် သူဘယ်တုန်းကမှ မမြင်ဖူးခဲ့။

Jung Kook ဆိုတဲ့ကလေးအပေါ် ဓာတ်ပုံလေးကို စမြင်ဖူးပြီး စွဲလမ်းသွားတဲ့ ကောင်လေး။

သူအတန်တန်တားနေသည့်ကြားက အတင်းအဓမ္မခိုးယူခဲ့သည့်အထိ ဖြစ်ခဲ့တာ။

အခုတော့ ပိုင်ရှင်အမှန်က ပြန်ခေါ်သွားခဲ့လေပြီ။

"Tae Hyung သား ထတော့.....ရေချိုးလိုက် ဦးလေး ထမင်းစားဖို့ပြင်ပေးထားမယ်.......''

"ကျွန်တော် ဘယ်လိုလုပ်ရမလဲ.......ကျွန်တော် သူ့ကို သိပ်ချစ်တာဗျ......''

ငိုသံပါကြီးနှင့် သူ့လက်တွေကို လှုပ်ယမ်းပြီးပြောလာတဲ့ ကောင်လေးက ကလေးတစ်ယောက်လိုပဲ။

CANCER (Completed)Where stories live. Discover now