twenty two

4.5K 491 50
                                    



Zawgyi


ကိုယ်အတွက်တော့ ဘဝဆိုတာက

ဟိုင်းဝေးလမ်းမှာ ကားမောင်းနေရသလိုပါပဲ

ကိုယ်က ကပ္ပတိန် မင်းကလမ်းပြ

ကိုယ်တို့ရဲ့အရှေ့မှာ အနာဂတ်တွေရှိသလို

အနောက်မှာလည်းချန်ထားခဲ့တဲ့အတိတ်တွေ အများကြီး

ဘယ်​ကိုပဲဖြစ်​ဖြစ်​ ​မင်းနဲ့အတူတူ ဆိုရင်​​ပေါ့........

---------–-----------------------------------------------

ကမ်း​ခြေကို ထွက်​လာတဲ့ လမ်းတစ်​​လျှောက်​ သူ့ကို စကားတစ်​ခွန်းမှမ​ပြော။

Yeontan ကို ​ပွေ့လျှက်​ ​ခေါင်း​လေးငုံ့ကာ သူ့​ဘေးက ပါလာတဲ့ Jung Kook...

မ​နေ့က ကိစ္စအတွက်​ ရှက်​​နေတာလား....

အဟွန်း...

တွေးလိုက်​ရင်း  Tae Hyung မျက်​နှာထက်​မှာ အပြုံးတစ်​စက ခပ်​လွင့်​လွင့်​.....

သူ့အတွက်​ ဒီ​ကောင်​​လေးကို ပိုင်​ဆိုင်​ချင်​စိတ်​က ဘယ်​ဘက်​ရင်​အုံကို အပြားလိုက်​လာကပ်​တဲ့ မာ​ခေါက်​​ခေါက်​ ဓာတ်​ပုံ​လေးတစ်​ခုကစတယ်​...

မြတ်​နိုးတယ်​...ချစ်​တယ်​....ပိုင်​ဆိုင်​ချင်​တယ်​ အဲ့စိတ်​ကတင်​သူ့ကို အကြိမ်​ကြိမ်​ သတ်​​နေသလို.....

ဘာအရာနဲ့မှ နှိုင်​ယှည်​လို့မရဘူး...

မ​တော်​တဆက​နေ သူ့နှစ်​လုံးသားတစ်​ခုလုံးက ထို​ကောင်​​လေးအတွက်​ပဲ သီးသန့်​ဖြစ်​တည်​​နေသလို.....

"Kim Tae Hyung!!..."

ခေါ်သံတိုးတိုး​လေးက သူ့အ​တွေး​တွေကို လွင့်​ပျယ်​သွား​စေတယ်​....

Tae Hyung သူ့ကို ခပ်​တိုးတိုး​ခေါ်လာတဲ့ Jung Kook ကို ငဲ့ကြည့်​လိုက်​တယ်​.....

အဖြူ​ရောင်​ ရှပ်​လက်​ရှည်​ပါးတစ်​ထည်​နဲ့ ဒူးအထက်​အဖြူ​ရောင်​ ​ဘောင်းဘီတစ်​ထည်​ကို တွဲဝတ်​ထားတဲ့ ​ကောင်​​လေးက ယုန်​ဖြူ​လေးအတိုင်း....

ဖြူဖြူလုံးလုံး ​သေး​သေး​ဖွေး​ဖွေး​လေး.....

နီရဲရဲ နှုတ်​ခမ်းပါး​လေး​တွေရယ်​ မျက်​ဝန်းဝိုင်းဝိုင်း​လေး​တွေရယ်​....

CANCER (Completed)Where stories live. Discover now