fifteen

4.9K 552 45
                                    


Zawgyi


"စဉ်းစားပါအုံး Tae လေးရယ်.......''

Minho အပြောကြောင့် သူ့ရဲ့ ခပ်ချောချော မျက်နှာက အလိုမကျသလို တွန့်ကုတ်သွားခဲ့သည်။

"ဘာကို စဉ်းစားရမှာလဲ Arjishi..... ဒီနေရာကလည်း စိတ်မချရဘူးလေ.....ပြီးတော့ ဆိုလ်းနဲ့လည်း နီးတယ်.....''

ဒီကလေးရဲ့ စိတ်ကို Minho အသိဆုံးပင်။

တစ်ခုခုကို လုပ်ဖို့ ဆုံးဖြတ်ထားပြီးဆိုရင် ဘယ်တော့မှ နောက်မဆုတ်တက်။

"မဟုတ်ဘူးလေ Tae လေးရဲ့ တစ်သက်လုံး ဖုံးကွယ်ထားလို့မှမရတာ.....ပြီးတော့ ဟိုးဘက်က တုန့်ပြန်လာခဲ့ရင်......''

"ကျွန်တော်ဘာကိုမှ ဂရုမစိုက်လို့ ဒီလိုလုပ်ခဲ့တာဘဲ......''

Tae Hyung ရဲ့ မျက်ဝန်းတွေက တစ်ခုခုကို ဆုံးဖြတ်ပြီးသည့်တိုင် စူးရှရဲရင့်နေသည့် တောက်ပခြင်းများဖြင့် တုံန့်ဆိုင်း တွေဝေခြင်း အလျင်းမရှိခဲ့။

ထိုသူဟာ Kim Tae Hyung ပင်ဖြစ်လေသည်။

မမှန်မကန် လုပ်ရှားထားခဲ့သည့်တိုင် မျက်နှာထက်တွင် တွေဝေတုန့်ဆိုင်ခြင်း မရှိသလို ကြောက်ရွံ့နောက်ဆုတ်ခြင်းတွေ စိုးစဉ်မျှမရှိပေ။

"ဒီညပဲ သွားမယ်......''

ခပ်ပြတ်ပြတ်ထွက်လာတဲ့ စကားသံအဆုံးမှာ Minho တစ်ယောက် သကပြင်းကိုဘဲ ခပ်လေးလေး ချမိသည်။

တားလို့ မရသည့်အဆုံး အပြင်ဘက်တွင် သဲထန်စွာ တိုက်ခတ်နေသည့် လေပြင်းတွေကိုသာ ပြတင်းမှန်မှ တစ်ဆင့် Minho ကြည့်လိုက်မိသည်။

ရာသီဥတု အခြေအနေက ဒါထက် ကောင်းဖို့ရာမရှိ။

"တားလို့မရတော့လည်း Arjushi ကိုယ်တိုင် လိုက်ပို့ပေးပါ့မယ်.....''

Tae Hyung လည်း ဧည့်ခန်းမှ ထွက်လာခဲ့လိုက်သည်။

အပေါ်ထပ်က သူ့အခန်းကို ပြန်လာရင်းမှ Jung Kook အခန်းရှေ့ရောက်တော့ ခြေလှမ်းများ တုန့်ခနဲ ဖြစ်သွားခဲ့သည်။

သူ့ရင်ထဲမှာ ဒီကောင်လေးနှင့် ပတ်သက်၍ စွန့်လွှတ်ဝေးကွာရသည့် အဖြစ်မျိုးက လွှတ်မြောက်ဖို့အတွက် ဘယ်အရာကိုပဲ ရင်ဆိုင်ရပါစေ အချစ်တစ်ခုသည်သာ သူ့ဘဝ၊ အဲ့ဒီ့အချစ်နှင့်သာ ရှင်သန်နေထိုင်လိုသောကြောင့်။

CANCER (Completed)Where stories live. Discover now