seven

5.8K 622 85
                                    



Zawgyi


အချစ်ဆိုတာ ဘာရယ်လို့ ပြောရလောက်အောင်တော့ သူကျွမ်းကျင်မှု မရှိသေးပါ။

ဒါပေမယ့် Kookie ကို ပထမဆုံး အနမ်းအဖြစ် ရစ်မူးခဲ့ပြီးနောက်မှာ ထိုထက်ပိုပြီး ကျူးကျော်ပိုင်ဆိုင်လိုသည့် ဆန္ဒများဖြင့် နေ့စဉ် ညစဉ် သူဘယ်လိုမှ အေးချမ်းစွာ နေလို့မရတော့ဘဲ ရှိလေသည်။

ထို့ကြောင့် အစကလို ညှိနှိုင်း နေပါသည်၊ သူဆုံးဖြတ်ပါစေ ဟူသော အကြောင်းပြချက်တွေကို ဘေးချိတ်ထားလိုက်မိသည်။

Appa နှင့် Omma ထံ အပူကပ်ပြီး Yoongi Sanchoon ထံ Kookie နှင့် အမြန်ဆုံးလက်ထပ်ပေးရန် တောင်းဆိုမိသည်။

Yoongi Sanchoon ကလည်း သဘောတူပြီး လက်ထပ်ဖို့ရက်ကို အားလုံးစီစဉ် သတ်မှတ်ပြီး၍ အဆင်ပြေသွားပြီ ဖြစ်ပေမယ့် အဆင်မပြေသူ တစ်ယောက်ကတော့ Kookie ပင်။

Yoongi Sanchoon ကို ကြောက်လို့သာ လက်ခံလိုက်ရပေမယ့် သူ့ကိုတော့ အကောင်းမမြင် အခုထိ ဘုကလန့် တိုက်နေတုန်းပင်။

အခုလည်းကြည့် ဖိတ်စာသွားရွေးဖို့ ကိစ္စကိုလည်း သူ့ကိုမခေါ်.....

ဒီကလေး သူ့အပေါ်မှာ နိုင်နေရတာကိုပဲ ပျော်နေသည်လား မသိ။

"Kookie ဘယ်သွားမို့လဲ......''

အိမ်ထဲကနေထွက်လာသည့် Jung Kook ရဲ့ ခြေလှမ်းများသည် အိမ်ထဲဝင်လာသည့် Mingyu ကြောင့် ရပ်တန့်သွားခဲ့သည်။

အပြင်သွားရန်အတွက် ပြင်ဆင်ထားသည်ကို ဖုန်းကွယ်ထားလို့ မရတော့ပေ။

ပိုဆိုးသည်က Sanchoon က ဧည့်ခန်းမှာ ရှိနေသည်။

Mingyu က တံခါးဝ ရောက်နေပြီးမှ ဝင်မလာတော့ဘဲ ရပ်စောင့်နေသည်။

"ဖိတ်စာသွားရွေးမလို့တဲ့ Mingyu ရေ....''

"Hyung လိုက်ပို့ပေးမယ်လေ.....''

ရှောင်လို့မှ မရတော့တာ။

Jung Kook က တစ်ဖက်က ဝင်ထိုင်လိုက်တော့ Mingyu က ကားကို မောင်းထွက်လိုက်သည်။

လမ်းမှာ လှည့်တကြည့်ကြည့်နှင့် Jung Kook ကို Mingyu တစ်ယောက် စကားပြောဖို့ ကြိုးစားနေသည်ကို မသိ။

CANCER (Completed)Where stories live. Discover now