For My Lovely Readers

5.1K 408 99
                                    

Zawgyi

အခန်းထဲကို Yeontan ပြေးဝင်လာတာလည်းသိတယ် သူ့ကုတင်ပေါ်ခုန်တက်လိုက်တာကိုလည်းသိတယ်။

ဒါပေမယ့် Jung Kook တုန့်ပြန်ဖို့မပြောနဲ့ မျက်လုံးတောင်ဖွင့်လို့မရဘူး။

Yeontan က တစ်အီအီနဲ့ သူ့ကိုနိုးမရတော့ မျက်နှာအနှံကိုလျှာနဲ့လျှက်ပြီး တစ်ရှုပ်ရှုပ်လှုပ်တယ်။

"ကိုကို......''

"တိုတိုအလှလေး......''

ခေါ်သံလေးနှစ်ခုကြောင့်အမွှာလေးနှစ်ယောက်ပါရောက်လာတာ သိလိုက်တဲ့အတွက် Jung Kook မျက်လုံးတွေကို အားယူကာဖွင့်လိုက်တယ်။

အိပ်ခန်းထဲလုံးခနဲပြေးဝင်လာတဲ့အမွှာနှစ်ယောက်ကြောင့် အားယူကာထမိတော့ အောက်ပိုင်းကဆစ်ခနဲပဲ။

စိတ်တိုတိုနဲ့ Kim Tae Hyung ကိုသာကျိန်ဆဲမိသွားတယ်။

"တိုတိုအလှလေး နေမကောင်းဘူးရာ.......''

Kan Seung လေးက ပြောလည်းပြော မမှီ့တစ်မှီ Jung Kook နဖူးကိုလက်လှမ်းတယ်။

Yeontan ကတော့ Jung Kook ရဲ့စောင်ပုံကြားထဲမှာဝင်ခွေလို့။

လူကမအီမသာနဲ့ တစ်ကိုယ်လုံးကိုက်ခဲပြီး ဘာကိုစိတ်တိုလို့တိုနေမှန်းပင်မသိ။

စားပြီးနားမလည်းအိပ်ယာနိုးကတည်းကမတွေ့တော့တဲ့ဟိုလူကြီးကိုသာပြစ်ပြစ်နှစ်နှစ် ကျိန်ဆဲလိုက်မိတယ်။

လူယုတ်မာကြီး ပန်းသေသွားပါစေ!!

"တိုတို လည်ပင်းမှာ ဘာတောင်ကြီးကပ်နေတာလဲ......''

Jung Kook လည်ပင်းက ခရမ်းရင့်ရောင်ပြောင်းနေပြီဖြစ်တဲ့ အကွက်ကြီးကို လက်ညှိုးထိုးပြီး မေးလာတဲ့ Kan Seung...

"ငါ့ယောကျာ်းကို ငါချစ်လို့ငါ့ကိုယ်ပွားအကောင်ကပ်ပေးထားတာ ဘာဖြစ်လဲ...... ''

အခန်းတံခါးကို တွန်းဖွင့်ကာ ဝင်လာရင်းဖြေလိုက်တဲ့ Kim Tae Hyung.....

Jung Kook မျက်စောင်းသာ ထိုးမိသွားတယ်။

"ဥလေးကြီးက အပြင်မတွားဘူးရာ......တားခုဏက ဥလေးကြီး အပြင်တွားတာတွေ့လိုက်ပါတယ်......''

"မသွားဘူး ဟေ့ကောင် ငါအပြင်သွားတာနဲ့ ငါ့ယောကျာ်းကို ကျားချောင်းချောင်းနေတဲ့ မင်းတို့လို့ကောင်တွေရှိလို့ပြန်လာတာ ဘာဖြစ်လဲ......''

CANCER (Completed)Where stories live. Discover now