four

7.1K 695 39
                                    


Zawgyi


"ဘာ! ဘယ်လို ပုံစံ..... ''

"အရပ်တော်တော်မြင့်တယ်....မြင့်သလောက် တော်တော်တော့ ကြည့်ကောင်းတယ်ကွ.....''

"မျက်မှန်နဲ့ မဟုတ်လား....''

"ဟုတ်တယ်...ဟုတ်တယ်..... ''

"သူဘယ်သူလဲ ငါသိတယ်.....''

အတန်းချိန်မှာ ဆရာမလာသောကြောင့် Jung Kook တစ်ယောက် Bam Bam နှင့်အတူ canteen မှာထိုင်နေကြတာဖြစ်သည်။

ငယွကောင် Bam Bam က ဟိုနေ့က ကိစ္စ အတွက် ကျေနပ်အောင် တောင်းလဲတောင်းပန်ကာ canteen မှာ မုန့်ကျွေးမည် ပြော၍ လိုက်ခဲ့တာဖြစ်သည်။

"အဲ့ဘဲက ရုပ်ရှိရေလျှံကွ....သူ့ကိုမှန်းနေတဲ့ ကောင်မလေးတွေမှ အများကြီးပဲ......တချို့ဆို ကောင်လေးတွေတောင် ပါသေးတယ်....''

"ဟမ်...မင်းဟာက ဘယ်လိုကြီးလဲ.....''

Bam Bam က သူ့ရှေ့က ကော်ဖီခွက်ကို ယူကာ သောက်နေရင်းမှ.....

"Kook.....''

"ဘာလဲ......''

"မင်းနဲ့သူ ခဏတဖြုတ်တွေ့ခဲ့တာလား.....''

"အင်းလေ....''

"ဘယ်လိုလူမှန်း ဘာမှန်း မသိခဲ့ဘူးနော်....''

"သူကတော့ ငါ့ကို သိနေသလိုပဲကွ....ငါကတော့ စဉ်းစားလို့ မရဘူး.....''

Bam Bam က Jung Kook ကို ခပ်စိုက်စိုက် တစ်ချက်ကြည့်လိုက်ရင်း.....

"ငါပြောပြမယ်....သူ့နာမည်က Kim Tae Hyung အရမ်းချမ်းသာတာ....ဘယ်လောက်ချမ်းသာတယ် ဘာလုပ်ငန်း လုပ်လဲဆိုတာ ခန့်မှန်းလို့ မရအောင်ကို ချမ်းသာတာ....ပြီတော့ မာနကလည်း အရမ်းကြီးတယ်....သူက မိန်းကလေးတွေနဲ့တွဲသလို ကောင်လေးတွေနဲ့လည်း တွဲတယ်....ဒါပေမယ့် ချစ်သူမဖြစ်ဘူး.....ချစ်သူမဖြစ်ဘူး ဆိုတာက သူကမချစ်တာကို ပြောတာ....''

Bam Bam ပြောသမျှကို နားထောင်နေရင်း Jung Kook မျက်မှောင်လေး ကုတ်ကျသွားသည်။

"ဘာတွေမှန်းလဲ မသိဘူး မင်းကအဲ့ဒီလူအကြောင်းပဲ အမွှမ်းတင်နေတယ်.... မင်းသူ့ကို ကြိုက်နေတာလား.....''

"မင်းကြီးတော် ငါက ကြိုက်စရာလား....Jason Hyung ငါ့ကို သတ်လိမ့်မယ်......''

CANCER (Completed)Where stories live. Discover now