ten

5.4K 602 62
                                    


Zawgyi


အစားအသောက်တွေကို ဘာလာကျွေးကျွေး မစားဘဲနေခဲ့သည်။

Kim Tae Hyung ကိုယ်တိုင်ကတော့ လာခေါ်သည်။

အခန်းထဲကိုအထိတော့ ယူလာပေးတာမျိုး မရှိပါ။

ပြီးတော့ စိတ်ရှည်လက်ရှည်ချော့မော့ ကျွေးတာမျိုး မဟုတ်ဘဲ တစ်ခွန်းစ နှစ်ခွန်းစ စားဖို့လာပြောပြီး ပြန်ထွက်သွားတာပဲ ဖြစ်သည်။

ယိုင်နဲ့နဲ့ ခြေလှမ်းများဖြင့် အခန်းတံခါးဆီသို့ Jung Kook ခပ်နဲ့နဲ့လေး လျှောက်သွားမိသည်။

သူ့အခန်းတံခါးကို အမြဲတမ်း lock ချထားသောကြောင့် မဖြစ်နိုင်တာကို တွေးရင်းတုန်ယင်သော လက်ဖဝါးလေးနှစ်ဖက်ဖြင့် တံခါးကို ပွတ်သပ်ရင်း အံကြိတ်ကာ မျက်ရည်တွေက ပိုးပိုးပေါက်ပေါက် ကျလာသည်။

ထိုစဉ် လက်တို့က တံခါးလက်ကိုင်ဘုလေးဆီရောက်၍ ဖိဆုပ်လိုက်မိလျှင် တိုးညင်သော မြည်သံလေးတစ်ချက်နှင့် တံခါးက ပွင့်သွားခဲ့သည်။

Jung Kook ဝမ်းသာအားရ ဖြစ်သွားကာ ထွက်ပေါက်တွေ့ပြီမို့ ထွက်ပြေးရန် စိတ်ကူးက ခေါင်းထဲ ရောက်လာခဲ့သည်။

''ဟင်....''

တံခါးကို ဆွဲဖွင့်ပြီး ခေါင်းပြူကြည့်လိုက်တော့ အပြင်ဘက် ဧည့်ခန်းက နှစ်ယောက်တွဲ ဆိုဖာခုံရှည်ကြီးမှာ Kim Tae Hyung က ထိုင်လျှက် လက်ပိုက်အနေအထားနှင့် ခေါင်းငိုက်စိုက်ကာ အိပ်ပျော်နေသည်လားမသိ။

Jung Kook ကို အကျဉ်းသားတစ်ယောက်လို အထဲမှာ ထည့်ပိတ်ထားပြီး အပြင်က စောင့်နေတာလားမသိ။

ဧည့်ခန်းကျယ်ကြီးရဲ့ ညာဘက်ထောင့်တွင် အောက်ထပ်ကို ဆင်းသည့် လှေကားကို လှမ်းမြင်နေရသည်။

Jung Kook ခြေသံဖွဖွလေးနင်းလျှက် လှေကားဆီသို့ သွားခဲ့သည်။

ကိုယ့်ကိုကိုယ်လည်း အားတင်းထားရသလို ဒူးနှစ်ဖက်ကလည်း ချောင်ချင်နေပြီ ဖြစ်သည်။

ထိုစဉ် လှေကားအတိုင်းပြေးဆင်းလာသော လုံးတစ်တစ်အရာလေးကို တွေ့လိုက်ရသည်။

''ဟင်!!...ဟိုကောင်လေး....''

မျက်လုံးဝိုင်းဝိုင်းလေးနှင့် ထိုခွေးလေးကို Yeontan မှန်း Jung Kook မသိပါ။

CANCER (Completed)Where stories live. Discover now