thirteen

4.9K 567 31
                                    


Zawgyi


"Arjishi ဘယ်သွားမို့လဲဟင်......''

Jung Kook ခေါ်လိုက်တော့ Minho က အပြင်ထွက်ဖို့ ပြင်နေရင်းမှ လှည့်ကြည့်သည်။

"Argushi က ခြံထဲ ခဏဆင်းမလို့ ကလေးရဲ့.....''

"ကျွန်တော်ရော လိုက်လို့ရလားဟင်.....''

မျှော်လင့်ချက်မျက်ဝန်းတောက်တောက်လေးတွေနှင့် သူ့ကိုကြည့်ပြီး ပြောလာတဲ့ Jung Kook ကြောင့် Minho လည်း ထိုကလေးကို သနားသွားမိသည်။

ရောက်လာကတည်းက အိမ်ထဲက အိမ်ပြင်မထွက်ဘဲ နေနေရတဲ့ ဒီကလေးရဲ့ ဘဝက ဘယ်လောက်တောင် မွန်းကြပ်လိုက်မလဲ။

"Tae လေးကတော့ ခြံထဲ မဆင်းစေနဲ့ဘို့ မှာသွားတာပဲ.....ဒါပေမယ့် Argushi ပါတာပဲ.....ကလေးလဲ အိမ်ထဲမှာပဲနေရတော့ ညောင်းနေမှာပေါ့....လိုက်ခဲ့လေ......''

"Nae....''

Minho ရဲ့ စကားကြောင့် Jung Kook ပျော်သွားခဲ့သည်။

Kim Tae Hyung က ခေါ်ပေမယ့် တမင်မလိုက်ဘဲ နေခြင်းဖြစ်သည်။

ထိုခြံကြီးထဲကို သူဆင်းချင်တာ ကြာပြီဖြစ်သည်။

ပတ်ဝန်းကျင်အနေအထားကို တစ်ချက်ကြည့်ပြီး ဘယ်ကိုရောက်နေသည် ဆိုတာလောက်တော့ ခန့်မှန်းလို့ရသည် မဟုတ်လား။

ထွက်ပြေးဖို့ကိုပဲ အချိန်ပြည့်စဉ်းစားနေတာတော့မဟုတ်ပါ။

Kim Tae Hyung ဆိုတဲ့သူက အစီအစဉ်ကို ဘယ်လို ဘယ်ပုံစံ ပြောင်းမည်ဆိုတာကို ကိုယ်မှမသိနိုင်ပဲ။

"Arjishi......''

"ဟင်....ကလေး ပြောလေ.....''

"ခြံထဲမှာ ဘာလုပ်မို့လဲဟင်.....''

"သန့်ရှင့်ရေးလေး နည်းနည်းပါးပါး လုပ်မလို့ပေါ့ ကလေးရဲ့.....''

"ဪ.....''

Minho သွားရာနောက်ကို Jung Kook က အနောက်ကနေ ဟိုငေးသည်ငေးနှင့် လိုက်သည်။

ခြံဆိုပေမယ့်လည်း တောကြီးမျက်မည်း ထဲမှာလို ရှုပ်ပွနေတာလည်းမဟုတ်။

အုပ်ဆိုင်းအေးမြသော သစ်ပင်ရိပ်တို့ဖြင့် လှပနေသည်။

ထို့အပြင် ပန်းပေါင်းစုံတို့ကိုလည်း စိုက်ထားသည့်အတွက် အေးမြမြလေနုအေးမှာ ပန်းပေါင်းစုံရဲ့ သင်းရနံ့က မွှေးပျံ့နေသည်။

CANCER (Completed)Where stories live. Discover now