five

6.5K 655 67
                                    


Zawgyi


Bam Bam နဲ့ Jung Kook Caff ထဲဝင်လာတော့ အနောက်မှာ Mingyu နဲ့ သူ့သူငယ်ချင်းတစ်ယောက်ဖြစ်တဲ့ Yugueom  ပါလာသည်ကို သတိမထားမိလိုက်ကြ။

Caff ထဲသို့ အဝင် အထဲမှ ထွက်လာသော လူတစ်ယောက်နှင့် ရုတ်တရက် ဝင်တိုက်မိသောကြောင့် ထို့လူ့ လက်ထဲမှ coffee ခွက်က မှောက်ကျသွားလေးသည်။

တိုက်မိတဲ့ အရှိန်ကြောင့် Jung Kook မှာလည်း အနောက်ကို လန်ကျသွာသည်။

ရုတ်တရက် လျှင်မြန်လွန်းတဲ့ လှုပ်ရှားမှုနှင့်အတူ ထိုလူက Jung Kook ခါးကို သူ့လက်တစ်ဖက်နှင့် ဆွဲပွေ့လိုက်သည်။

Jung Kook မှာလည်း ကြောင်တောင်တောင် ဖြစ်နေသလို ဘေးက Bam Bam ကလည်း တအံ့တသြ။

"Ah....Miyanae..... ''

အတင်းတောင်းပန်လိုက်ရင်း ထိုလူ့ရင်ခွင်ထဲ ရောက်နေသည့် ကိုယ့်အဖြစ်ကို သတိရလိုက်ကာ ပွေ့ထားသည့် လက်တွေကို ရုန်လိုက်သည်။

"ရတယ် ရတယ်....အရေးမကြီးဘူး....''

ကြားဖူးနေသည့် အသံကြောင့် မော့ကြည့်လိုက်တော့ ဟိုနေ့က Kim Tae Hyung ဆိုသည့်လူ...။

Bam Bam ကတော့ ဘေးမှာဘဲ အသာရပ်နေကာ ဘာမှ ဝင်မပြောဘဲ ကြည့်နေလိုက်သည်။

ထူးတော့ ထူးဆန်းသည် ဝတ်ထားတဲ့ အင်္ကျီ အဖြူ ရင်ဘတ်တစ်ခုလုံး coffee တွေစွန်းနေတာတောင် ထိုလူက အပြုံးမပျက်။

Jung Kook ကိုကြည့်လိုက်တော့လည်း ဘာပြန်လုပ်ပေးရမှန်း မသိဘဲ အားနာသလို ကြည့်နေသည်။

"ရတယ် ကိုယ်က အရေးမကြီးဘူး....မင်းရော coffee အပူတွေ စင်သွားသေလား.....''

"ကျွန်တော်က မစင်ပါဘူး....ခင်ဗျာ ရင်ဘက်ပေါ်စင်ကုန်တာ အားနာလိုက်တာ...... ''

သူ့ရင်ဘက်တစ်ခုလုံး စိုရွှဲနေတာကို ဂရုမစိုက်ဘဲ Jung Kook ကိုသာ စိတ်ပူသလို ပြောနေတဲ့ Kim Tae Hyung ဆိုတဲ့လူကို ကြည့်ပြီး Bam Bam မှာ အံ့သြလို့ မဆုံး။

သူအရင် ကြားခဲ့ရတဲ့ သတင်းတွေက ဟုတ်ရောဟုတ်ရဲ့လားဟု သံသယတောင် ဝင်ချင်ချင်။

ဘယ်သူ့ကိုမှ ဂရုမစိုက်ဘဲ ခပ်ချေချေ နေတက်သည်ဟု သတင်းကြီးသည့် Kim Tae Hyung ဆိုသည့်လူက Jung Kook နဲ့ကျတော့ သူ့ကိုသူပင် ဂရုမစိုက်တော့ဘဲ Jung Kook ကိုသာစိတ်ပူနေသည်။

CANCER (Completed)Where stories live. Discover now