three

8.2K 743 26
                                    


Zawgyi

လာမိကာမှ မှားပြီဟု Jung Kook ကိုယ့်ကိုကိုယ် ထင်မိသည်။

အသစ်တင်တဲ့ Iron Man ကြည့်ချင်လွန်း၍ ချိန်းဖြစ်တော့ Bam Bam နှင့် သူနှစ်ယောက်ထဲဖြစ်သည်။

တကယ်သွားဖို့ပြင်လိုက်တော့ တစ်မျိုး ဖြစ်သွားသည်။


"Hyung နဲ့ စကားခဏဘဲပြောမှာ ပြီးရင်မင်းနဲ့ ရုပ်ရှင်သွားကြည့်မယ်လေ.....''


"မင်း Hyung က လိုက်မယ်ဆိုရင် ဘယ်လိုလုပ်မလဲ.....''


"မလိုက်နိုင်ပါဘူး...သူလည်း ကုမ္ပဏီ မှာ meeting ရှိတယ်....''


မပူနဲ့တဲ့။

ကတိတွေပေးပြီး Bam Bam ဆိုတဲ့ သကောင့်သားက ဟန်မြစ်ဘက်ကို အရင်လာပြီး သူ့ Hyung ဆိုသူနှင့် ချိန်းတွေ့သည်။

သူတို့စုံတွဲ စကားပြောကြတာက ပြောတာရုံတင်မဟုတ်ဘဲ ယုယကြင်နာ တာတွေပါ ပါလာတော့ သူတို့နှင့်  ဝေးအောင်လျှောက်ရင်းလျှောက်ရင်းနှင့် Jung Kook အဝေးကြီးကို ရောက်သွားခဲ့သည်။

ရှေ့ဆက်မလျှောက်တော့ဘဲ ခဏရပ်ကာ စိတ်က အိမ်ပြန်ရောက်သွားပြန်သည်။

အခုတလော အတန်းလည်း ခဏခဏ လစ်ကာ Mingyu Hyung မပါဘဲ အပြင်ခဏ ခဏ ထွက်မိသည်။

ဓာတ်ပုံပျောက်တဲ့ ကိစ္စ ကြောင့် Mingyu Hyung ကို စိတ်ကောက်ပြီး မခေါ်တာ လေးငါးရက်လောက်ပင် ရှိနေပြီ ဖြစ်သည်။

ဟွန်း....သူများကိုဆိုရင် အမြဲ ပြာယိပြာယာလို့ပြောတက်ပြီး သူကျတော့ ဓာတ်ပုံလေးတစ်ပုံတောင် ကောင်းကောင်းမွန်မွန် မထိန်းသိမ်းနိုင်ဘူး။

ဟိုတွေးဒီတွေးနှင့် Bam Bam တို့ဆုံတွဲရှိရာနေရာသို့ ပြန်လျှောက်လာခဲ့သည်။

ထိုနေရာရောက်တော့ ထိုစုံတွဲကို မတွေ့တော့ ။

ဘယ်ရောက်ကုန်တာလဲ။

ဟိုဒီ လိုက်ကြည့်ပေမယ့် မြင်နေရသမျှ နေရာပတ်လည်မှာ Bam Bam တို့စုံတွဲ မရှိတော့။

တစ်ခြားနေရာ ပြောင်းသွားတာလား ဒါမှမဟုတ် သူပြန်သွားပြီဆိုပြီး ထားခဲ့ကြတာလား။

CANCER (Completed)Where stories live. Discover now