twenty nine

4.8K 457 87
                                    

Zawgyi

အချိန်အတော်ကြာသည့်အထိ တစ်ယောက်တစ်ပေါက် အပေါက်အစပ်များနေတဲ့ အစည်းအဝေးကို Tae Hyung တော်တော်စိတ်ကုန်နေပြီဖြစ်သည်။

Project အသစ်တစ်ခုအတွက်ကို ဟိုလူတစ်မျိုးဒီလူတစ်မျိုးနှင့် ညှိနှိုင်းလို့မရတဲ့အခြေအနေက Tae Hyung စိတ်တွေကို ပိုရှုပ်ထွေးစေတယ်။

နာရီတစ်ကြည့်ကြည့်နဲ့လူက စိတ်တွေလည်း စုစည်းလို့မရတော့ဘူး။

ဖင်တကြွကြွဖြစ်နေတဲ့သူ့ကို ဘေးနားက အတွင်းရေးမှူး Jin Young က လက်တစ်ကာကာနဲ့ ထွက်မသွားဖို့အချက်ပြနေတယ်။

Jin Young ကိုလည်း အားနာတာကြောင့် သက်ပြင်းကိုသာ အသာချပြီး စိတ်ရှုပ်ရှုပ်နဲ့ထိုင်နေရတယ်။

အခုပဲ ညနေသုံးနာရီ ရှိပြီ သူဒီမှာ ညအိပ်လို့မဖြစ်ဘူးလေ။

Jung Kook တစ်ယောက်ထဲဖြစ်နေမှာပေါ့။

ပြီးတော့ ပြန်ရင် Jung Kook က သူ့ကို ကိုကိုလို့လည်း ခေါ်အုံးမှာ။

ကိုယ့်အတွေးနှင့်ကိုယ် သဘောတွေ့ပြီး ခပ်တည်တည်သူ့မျက်နှာကြီးက စိတ်ရှုပ်စရာအစည်းအဝေးပွဲမှာတောင် ပြုံးမိသွားသလိုပဲ။

ိနောက်ဆုံးပိတ်အားလုံးညှိနှိုင်းလို့ သဘောတူဆုံးဖြတ်ပြီးသွားတော့ အချိန်က လေးနာရီခွဲ။

စိတ်ရှုပ်ရှုပ်နဲ့ မှီရာ Flight ကိုစီးဖို့ Jin Young ကိုပဲ လေဆိပ်ကိုပို့ခိုင်းလိုက်ရတယ်။

မိုးအရမ်းချုပ်ရင် အိမ်မှာတစ်ယောက်ထဲ ရှိနေတဲ့ Jung Kook က ကြောက်နေတော့မှာ။

သတိရပြီး ဖုန်းဆက်ဖို့ပြင်တော့ သူကိုယ်တိုင်ကမှ Jung Kook ကို ဖုန်းပေးမကိုင်ထားသည်ပဲ။

သိပ်ဆက်လေ့မရှိတဲ့ အိမ်ဖုန်းကိုပဲ ဆက်လိုက်တော့ကိုင်မယ့်သူမရှိ။

စိတ်မောမောနဲ့ပဲ သက်ပြင်းကို ခပ်လေးလေးချလိုက်မိတယ်။

"Tae Hyung မင်းကလည်း ဆိုလ်းရောက်တာတောင် ဖင်ပူအောင်မနေဘူး ဘာတွေပျားတုပ်နေတာလဲ......''

ရှေ့ခန်းက ကားမောင်းနေတဲ့ Jin Young က ကားဘက်မှန်ကနေသူ့ကိုကြည့်ပြီးမေးတယ်။

CANCER (Completed)Where stories live. Discover now