Seventeen

4.9K 546 75
                                    



Zawgyi



အခုဆိုရင် Jung Kook ဒီကိုရောက်နေသည်မှာ တစ်လခန့်ပင် ရှိပြီဖြစ်သည်။

အိမ်မှာသူရယ် Tae Hyung ရယ်ကလွှဲ၍ တစ်ခြားလူလည်း မရှိပေ။

မနက်ပိုင်းတွင်တော့ ချက်ပြုတ်ဖို့အတွက် အဒေါ်ကြီးတစ်ယောက် ရောက်လာတက်ပြီး နေ့လယ်လောက်မှာပင် ပြန်သွားတက်သည်။

Kim Tae Hyung ဆိုတဲ့လူကလည်း တစ်နေ့တစ်နေ့ Laptop တစ်လုံးနှင့်သာ အလှုပ်ရှုပ်နေတက်သည်။

အဲ့ဒါလဲကောင်းတာပါပဲ ကိုယ်နဲ့က စကားလည်း သိပ်ပြောဖြစ်တာမှ မဟုတ်တာလေ။

အစကတော့ အလိုမတူဘဲ ခေါ်လာလို့ စိတ်ဆိုးပေမယ့် ကြာလာတော့လည်း Jung Kook စိတ်ထဲမှာပင် သိပ်မရှိတော့။

ထွက်ပြေလည်း လွှတ်မှာမှ မဟုတ်ပဲလေ။

ပျင်းပျင်းရှိတာနှင့် Yeontan ကိုပိုက်ပြီး Jung Kook ခြံထဲကို ဆင်းလာခဲ့လိုက်သည်။

ခြံကတော်တော်ကျယ်ပြီး အရှေ့ဘက်တွင် ရေကူးကန်လည်းရှိသလို အရောင်းမျိုးစုံပေမယ့် နှင်းဆီပန်းတွေကိုသာ စိုက်ထားတဲ့ ပန်းခြံလည်း ရှိသည်။

လျှောက်လာရင်းမှ Yeontan က သူ့ကိုယ်ပေါ်မှ ခုန်ဆင်းပြီး ပြေးထွက်သွားတာကြောင့် Jung Kook ပြေးလိုက်လာမိသည်။

ခြံစည်းရိုးအုပ်တံတိုင်းနားမှာ နှုတ်သီးလေးတစ်ရှုပ်ရှုပ် လှုပ်နေတဲ့ Yeonton ကို ပြေးပွေ့ရင်း လှည့်ထွက်မယ်အလုပ်......

"Kan Joon ငါ့အလှည့်လေကွာ......''

စကားပြောသံ သဲ့သဲ့လေး ကြားလိုက်ရတာကြောင့် Jung Kook မျက်ခုံးလေး နှစ်ဖက်မြင့်တက်သွားသည်။

"မင်းကို ခုနက ငါနှစ်ခါတောင် လွှဲပေးထားတာလေ.....မရဘူး ဒီတစ်ခေါက်လဲ ငါ့အလှည့်ဘဲ......''

ထပ်ကြားလိုက်ရတဲ့ အသံကြောင့် Jung Kook အုတ်နံရံနားကို ပိုတိုးကပ်လိုက်သည်။

သေချာတယ် ဒီအသံက တစ်ဖက်ခြံက အသံဖြစ်နိုင်တယ်။

တစ်ယောက်ထဲ ပျင်းနေတာနဲ့ အတော်ဘဲ စကားပြောဖော်ရအောင် သူတို့နဲ့ မိတ်ဆက်ရမယ်။

CANCER (Completed)Where stories live. Discover now