two

9.9K 834 59
                                    


Zawgyi


"ဟာ....သွားပြီ.....''

ကျောပိုးအိတ်ထဲကို သေချာလှန်လှော ရှာဖွေနေရင်းမှ Jung Kook ခေါင်းတွေထူပူသွားခဲ့သည်။

ပိုက်ဆံအိတ် မရှိတော့။

ဒီနေ့က Mingyu Hyung က နေသိပ်မကောင်းသောကြောင့် ကျောင်းမတက်သည့်အတွက် သူတစ်ယောက်ထဲ လာခဲ့တာဖြစ်သည်။

အလာကို Yoongi Sanchoon ကလိုက်ပို့ပေမယ့် အပြန်ကို တစ်ယောက်ထဲ Bus စီးပြီး ပြန်လာခဲ့တာဖြစ်သည်။

ကျောင်းမှာ နေ့လည်ရောက်တိုင်း Mingyu Hyung က Canteen သွားဖို့ လာခေါ်ပေမယ့် ဒီနေ့ကျတော့ Hyung မရှိသည့်က တစ်ကြောင်း ကိုယ်တစ်ယောက်ထဲ Canteen ကို မသွားချင်တာက တစ်ကြောင်း ကြောင့် နေလည်စာ မစားဖြစ်ခဲ့။

ကျောင်းကအပြန်မှ ဗိုက်က ဆန္ဒပြလာတာကြောင့် စားနေကျ ဆိုင်မှာ ဗိုက်ဆာဆာနှင့် အပီဝင်ဆွဲလိုက်သည်။

စားပြီးသောက်ပြီး ပိုက်ဆံ ရှင်းရန် ကျောပိုးအိတ်ထဲက ပိုက်ဆံအိတ်ကို ထုတ်မယ်ကြံတော့ မတွေ့တော့။

သွားပြီ Jeon Jung Kook ရေ မင်းတော့ မြွေကိုက်ပြီ။

နဖူးကို လက်ဝါးနှင့် ဖက်ခနဲရိုက်လိုက်ပြီး ချွေးစေးများပြန်လာသည်။

ပိုက်ဆံအိတ်က ခါးပိုက်နှိုက်ခံလိုက်ရပြီ ကိုယ့်မှာ ပေးဖို့က ဘာမှမပါ။

သူများတွေလို နာရီတွေဘာတွေ ချွတ်ပေးရအောင်လည်း နာရီဝတ်လေ့ဝတ်ထ မရှိတဲ့ ကိုယ့်အတွက်ကတော့ ဒီနေ့မှ တကယ့်ဂြိုလ်ဆိုးပင်။

ပါလိုပါငြား ဘောင်းဘီအိပ်ထဲ နှိုက်ကြည့်မိသည်။

မတွေ့။

မျက်လုံးထဲမှာ လက်ကိုင်ဖုန်း တစ်လုံးကို မြင်လိုက်သည်။

သူ့ရှေ့တည့်တည့်မှာ ကျောပေးထိုင်နေသူ၏ လက်ထဲမှာ ဖြစ်သည်။

ဖုန်းကိုင်တိုင်း ဂိမ်းဆော့လွန်းတဲ့သူ့ကြောင့် သူ့ဖုန်းကို Yoongi Sanchoon ယူသိမ်းထားတာ တစ်ပတ်လောက် ရှိနေပြီ ဖြစ်သည်။



"ဘယ့်နှယ့် လက်ထဲကို ဖုန်းရောက်သွားပြီ ဆိုတာနဲ့ တစ်နေ့တစ်နေ့ ဂိမ်းဘဲဆော့နေတယ် စာကျတော့ တစ်လုံးမှ မကျက်ဘူး....မျက်မှန်ကလည်း စာကျက်တာ မဟုတ်ဘဲ ဂိမ်းဆော့တာနဲ့ ကြာရင် ပုလင်းဖင် ဖြစ်မယ်တဲ့.....''


CANCER (Completed)Where stories live. Discover now