twenty four

4.6K 485 23
                                    



Zawgyi



Jung Kook ဧည့်​ခန်း​ရှေ့က TV အကြီးကြီး​ရှေ့မှာ ထိုင်​​နေတာ​တော်​​တော်​ကြာ​နေပြီး။

အ​ကြောင်းက Kim Tae Hyung ကို စိတ်​ဆိုး​နေတာ။

ကမ်း​ခြေသွားချင်​လို့ လိုက်​ပို့​ပေးပါဆို​တော့ သူမအားဘူးတဲ့ မအားရင်​ ကိုယ့်​ဘာသာသွားမယ်​ဆို​တော့ ဟိုတစ်​​နေ့ကလိုဖြစ်​မှာဆိုးလို့တဲ့။

တော်​​တော်​လက်​​ပေါက်​ကပ်​တဲ့လူကြီး။

အခု​နောက်​ပိုင်း Jung Kook က ​ကြောက်​တတ်​တာ​ကြောင့်​ Tae Hyung နှင့်​ တစ်​ခန်းထဲမှာပဲ အတူ​နေဖြစ်​သည်​။

ဒီ​နေ့​တော့ အခန်းထဲမှာထိုင်​ပြီး Laptop တစ်​လုံးနဲ့အလှုပ်​ရှုပ်​​နေတဲ့ သူ့မျက်​နှာကို မမြင်​ချင်​တာ​ကြောင့်​ အခန်းထဲလည်း ဝင်​မအိပ်​​သေးပဲ ဧည်းခန်းမှာ ထိုင်​​နေသည်​မှာ ညခုနှစ်​နာရီ​လောက်​ကတည်းက ယခုပင်​ ကိုးနာရီခွဲ​နေပြီ ဖြစ်​သည်​။

ပေကပ်​ကပ်​နဲ့ TV Channel က လိုင်း​တွေကို စိတ်​မပါ​ပေမယ့်​ ဟို​ပြောင်းသည်​​ပြောင်းနှင့်​ကြည့်​​နေမိသည်​။


"ခလွမ်း!...."

မီးဖိုခန်းဘက်​မှ ရုတ်​တရက်​အသံကြားလိုက်​ရတာ​ကြောင့်​ Jung Kook ကိုယ်​လုံး​လေးတုန်​သွားသည်​။

TV ကို ပိတ်​ချပြီး ထပ်​နား​ထောင်​ကြည့်​​တော့ ဘာသံမှမကြားရ​တော့ပြန်​။

"​ဒေါက်​!....."

မီးဖိုခန်းဘက်​ကဘဲ ထပ်​ပြီးကြားလိုက်​ရတာမို့ Jung Kook အရဲစွန့်​ကာ ထလာမိသည်​။

ရုတ်​တရက်​အ​တွေးထဲမှာ ​ဘေးအိမ်​က က​လေး​လေး​ပြောတဲ့ ​မေ့ထားပြီဖြစ်​တဲ့ အ​ကြောင်းအရာက ​ခေါင်းထဲ​ရောက်​လာပြန်​သည်​။

ဧည့်​ခန်းမှာသာမီးထွန်းထားပြီး ထမင်းစားခန်းဘက်​မှာ​တော့ ​မှောင်​မဲမဲ။

"ဘုတ်​!...."

ထပ်​ကြားလိုက်​ရတဲ့ အသံ​ကြောင့်​ လူကရင်​​တွေတဒိန်းဒိန်းခုန်​လာကာ လက်​ဝါးပြင်​​တွေပင်​ ​ချွေးထွက်​ကာ​စေးကပ်​စိုစွတ်​လာသည်​။

CANCER (Completed)Where stories live. Discover now