twenty three

4.5K 484 33
                                    




Zawgyi


ချစ်​​သူ

ကံကြမ္မာက ဖန်​တီး​ပေးလို့

မင်းပိုင်​ဆိုင်​တဲ့ မြို့​တော်​ကို

ကိုယ်​​တွေ့ဖို့ အ​ကြောင်းဖန်​လာခဲ့တယ်

မင်းရဲ့လျှို့ဝှက်​လမ်း​လေး​တွေကို ​ကွေ့ပတ်​ပြီး

မင်းနှလုံးသားမြို့​တော်​ကို

ကိုယ်​အ​ရောက်​လာချင်​ပါရဲ့။

ခွင့်​ပြု​ပေးပါ ချစ်​သူ။

---------------------------------------------------------

မနက်​ခင်းက သာယာ​နေတယ်​။

အချိန်​​တွေကြာလာတာနဲ့အမျှ Jung Kook ဒီမှာ​နေသားကျသွားသလိုပဲ။

တစ်​ခုပဲ Kim Tae Hyung ကို သူချစ်​လား မချစ်​ဘူးလားဆိုတာကို အခုထိ​ဝေခွဲမရ​သေးဘူး။

ရင်​ခုန်​ရင်​အချစ်​ပဲဆို ဒီလူ့ကိုမြင်​တိုင်း က​ပြောင်းကပြန်​ဖြစ်​​နေတတ်​တဲ့ သူ့ရင်​ခုန်​သံ​တွေကို​တော့ ဝန်​မခံလို့မရ။

"Jung Kook.....''

ခေါ်သံနဲ့အတူ Jung Kook ထိုင်​​နေတဲ့ ခုံတန်း​လေးဆီ​လျှောက်​လာတဲ့သူ။

အိမ်​​နေရင်း တီရှပ်​တစ်​ထည်​ကို ခပ်​ပွပွ​ဘောင်းဘီတစ်​ထည်​နဲ့ တွဲဝတ်​ထားတဲ့သူ့ပုံစံက နုသစ်​လတ်​ဆတ်​​နေတယ်​။

ဘာဝတ်​ဝတ်​ကြည့်​​ကောင်း​နေတာက ဒီလူရဲ့ အားသာချက်​ တစ်​ခုပဲလား။

သူက ခုံတန်း​လေးမှာ မထိုင်​ဘဲ ​ဘောင်းဘီအိတ်​ထဲက တစ်​ခုခုကို ထုတ်​လိုက်​ကာ Jung Kook ​ရှေ့မှာရပ်​လိုက်​တယ်​။

"ကိုယ်​မင်းကို ​ပေးစရာရှိတယ်​.......''

ဟင့်​အင်း Jung Kook မလိုချင်​ဘူး။

အခု​နောက်​ပိုင်း သူ့ဆီကရလာတဲ့ ကြင်​နာမှု ဂရုစိုက်​မှု​တွေ​ကြောင့်​ Jung Kook စိတ်​​တွေက သူ့ဘက်​ကို ယိမ်းယိုင်​စ ပြု​နေပြီ။

အဲ့ဒီ့အချက်​ကတင်​ Mingyu Hyung အ​ပေါ် Jung Kook သစ္စာမဲ့သလိုဖြစ်​​နေပြီမဟုတ်​လား။

CANCER (Completed)Where stories live. Discover now