eighteen

4.8K 512 21
                                    



Zawgyi




"မအိပ်သေးဘူးလား.......''

အနောက်ဘက်မှ အသံကြောင့် Jung Kook လှည့်ကြည့်လိုက်မိတော့ အနက်ရောင် Hoodie တစ်ထည်ကို ချည်သားဘောင်းဘီ အနက်တစ်ထည်နှင့် ပေါ့ပေါ့ပါးပါး ဝတ်ဆင်ထားတဲ့ Kim Tae Hyung။

ဝရန်တာ မီးရောင်အောက်မှာ သူ့မျက်နှာ ဝင်းဖန့်ဖန့်က အထင်းသားပေါ်လွင်လျှက်ရှိသည်။

ထူတန်းတန်း မျက်ခုံးနှစ်ဖက်က တိုစိပ်စိပ်မျက်တောင်တွေနှင့် ပနံရလှသည်။

အပြုံးမြမြနှင့် နူးညံ့နေသည့်မျက်နှာက အရင်မြင်တွေခဲ့ရဖူးတဲ့ Kim Tae Hyung ဆိုသော လူ၏ စူးရဲခတ်ထန်သော မာန်မာနတွေက ကင်းစင်နေပြန်သည်။

အခုရက်ပိုင်းအတွင်းမှာပင် Kim Tae Hyung သူ့အပေါ်ဆက်ဆံတာတွေ ထူးခြားစွာ ပြောင်းလဲနေတာ လက်တွေ့။

အရင်နဲ့မတူ တစ်မူထူးခြားနေသည်ကတော့ အမှန်ပင်။

Jung Kook ကြည့်နေရင်းမှ အကြည့်လွှဲပြီး အပြင်ဘက်ကိုသာ ပြန်ငေးနေမိပြန်သည်။

လပြည့်ရက်ဖြစ်သောကြောင့် ဝရန်တာမှတစ်ဆင့် အပေါ်စီးကနေ တစ်ခြံလုံးကို မြင်နေရသည်။

လေတိုက်တိုင်း ယိမ်းယိုင်သွားသည့် Tulip ပင်တွေကိုသာ ဘာရယ်မဟုတ်ငေးနေမိသည်။

အရောင်အသွေးစုံလှတဲ့ ပန်းရနံ့မျိုးစုံးကိုလည်း လေအဝှေ့မှာ တစ်ချက်တစ်ချက် ရနေသည်။

"Jung Kook.....''

ခေါ်သံနှင့်အတူ ရနေကြရေမွှေးနံ့က နှာခေါင်းထဲကို တိုးဝင်လာသဖြင့် Kim Tae Hyung သူ့အနားမှာ လာရပ်သည်ကိုလည်း သိလိုက်သည်။

Jung Kook ဂရုလည်းမစိုက်သလို ခေါ်သံကို ပြန်လည်းမတုန့်ပြန်မိ။

ပြန်လှည့်မကြည့်တဲ့ Jung Kook ကို သူက ငုံ့ကြည့်ပြီး Jung Kook နည်းတူ ဝရန်တာလက်တန်းတွေကို လက်နှစ်ဖက်နှင့်ထောက်လျှက် ပတ်ဝန်းကျင်ကိုသာ လိုက်ငေးနေပြီး အတန်ကြာတော့မှ.....

"လေအရမ်းတိုက်နေတယ် အင်္ကျီပါးပါးလေးနဲ့ အေးနေမှာပေါ့......''

သူကပြောလဲပြော လက်ထဲမှာ ဘယ်တုန်းကတည်းက ကိုင်ထားမှန်းမသိတဲ့ အနွေးထည်ကို Jung Kook ကိုယ်လုံးလေးပေါ်ခြုံပေးသည်။

CANCER (Completed)Where stories live. Discover now