Dreams ep1

11.9K 410 15
                                    


"Wow ​နောက်​ဆုံး​တော့ သူရဲ့
Concert ကြီးကို ​ရောက်​နိုင်​ခဲ့ပြီ​လေ "

ဤစကားကား Idol ​Park Chanyeol၏
အမာခံ ပရိတ်​သက်​ကြီး Byun Baekhyun၏
ဝမ်းပန်းတသာ ​ပြောလိုက်​​သောစကားပင်​ဖြစ်​သည်​။

သူကား ​Park Chanyeol​ကို
သူစတင်​ပြီးအနုပညာလုပ်​ငန်းများအား
ပြုလုပ်​ကတည်းက အား​​ပေး​လာခြင်းဖြစ်​သည်​။
သူထုတ်​ခဲ့​သော albums အစုံလည်းဝယ်​ထားခဲ့​လေသည်​ ။

သူပါ​သော ပြက္ခဒိန်​ ဆိုလည်း မပါမဖြစ်​။
ဤမျှရူးသွပ်​သဖြင့်​လည်း မိသားစုက ထိန်းမနိုင်​ဖြစ်
နေခြင်းဖြစ်​သည်​။

သို့​သော်​ ထိုမျှ​လောက်​ရူးသွပ်​​သော်​လည်း
သူ့၏ concert ပွဲတစ်​ပွဲမျှကို မ​ရောက်​ဖူးခဲ့​ပေ။
သူတို့​နေထိုင်​သည်​က နယ်​မှာဖြစ်​သည်​ကတစ်​​ကြောင်း ပညာသင်​​နေရသည်​ကတစ်​​ကြောင်း​ ကြောင့်​ မိဘများကမလွှတ်​ကြခြင်းဖြစ်​သည်​။

ယခု​တော့ အထက်​​တန်းစာ​မေးပွဲ 
အောင်​မြင်​ပြီးပြီ ဖြစ်​​သော​ကြောင့်​ တက္ကသိုလ်
်​တက်​ရန်​ Seoulသို့လွှတ်​လိုက်​ခြင်းပင်​ ဖြစ်​သည်​။
ဤသည်​ကို သူကတက္ကသိုလ်​တက်​ရန်​အရင်​ မစဉ်းစားဘဲ​Chanyeol၏ concert သို့ ဦးစွာ လာ​ရောက်​အား​ပေးခြင်းပင်​ဖြစ်​သည်​။

"ကိုယ်​လာပြီ အချစ်​​ရေ ကိုယ့်​ကို​စောင့်​​နေ​နော်​"

သူ၏​အော်​ဟစ်​သံ​ကြောင့်​ ​ဘေးနားမှ
ှဖြတ်​​လျှောက်​​နေသူများက ကွက်​ကြည့်
ကွက်​ကြည့်​ဖြင့်​ကြည့်​သွားကြ၏။ သို့​သော်
သူက ဂရုစိုက်​ခြင်းအလျှမ်းမရှိ။ ​Park Chanyeol
ပုံပါ​သော ​ကြော်​ညာပုံကြီးကို ကြည့်​ပြီး ညည်းတွားလိုက်​​မိ
လေသည်​။

"ခင်​ဗျားကြီးကလည်း အဲ​လောက်​ကြီးပြည့်​စုံ​နေရလား
ဒါ​ကြောင့်​လဲမိန်းက​လေးပရိတ်​သက်​​တွေ​ကော ​ယောင်္ကျား​လေး​တွေကပါ ခင်​ဗျားကြီးကိုအား​ပေးကြတာ​နေမှာ​ပေါ့
ခင်​ဗျားရဲ့ ဖူးစာရှင်​ဖြစ်​မဲ့သူကိုအားကျလိုက်​တာဗျာ ကျွန်​​တော်​တို့လို လူတစ်​​ယောက်​အတွက်​က​တော့အားကျရုံမှ
တစ်​ပါးလဲ အခြားမရှိ ဟူး"

- - - - - - - - - - - - - - - - - - - - - -

"​park chanyeol park chanyeol park chanyeol​..."

သူ့အမည်​ကို​အော်​ကာ အား​ပေး​နေကြ​သော
သူ့၏ပရိတ်​သက်​ များ​ကြောင့်​ သူအလိုလို ပြုံးမိသွား​​လေသည်​။ ထို​နောက်​ ကား​ပေါ်မှဆင်းကာ သူတို့​လေး​တွေကိုလက်​ပြနှုတ်​ဆက်​ပြီး နား​နေခန်းသို့ ထွက်​လာလိုက်​သည်​။ အမှန်​တကယ်​​တော့ ဒီ idol အလုပ်​ကိုသူ ဝါသနာပါလွန်းလို့သာ လုပ်​​နေတာ အလွန်​ပင်​ပန်းလှသည်​။ မိဘများနှင့်​အတိုက်​အခံလုပ်​ကာ လုပ်​​နေသဖြင့်​လဲ ကြိုးစားရလှ​ပေသည်​။ ကြိုးစားမူ၏ရလဒ်​အဖြစ်​ ဤသို့​အောင်​မြင်​မူကို ရရှိထားခြင်းဖြစ်​သည်​။

"Hyung  ပွဲက ၉ နာရီမှစမှာမလား"

"အင်​ ဟုတ်​တယ်​​လေ chanyeolရ ဘာဖြစ်​လို့လဲ"

"​​ဩော်​ မဟုတ်​ပါဘူး ကျွန်​​တော်​ ဟိုနားဒီနား​လေး
လျှောက်​လည်​ချင်​လို့ပါဗျ"

"ဟာ မရဘူး chanyeol ​ CEO ဆီမှာ ငါအ​ပြောခံရလိမ့်​မယ်  မင်းထွက်​တာနဲ့ မင်းပရိတ်​သက်​​တွေ မင်းကို ဝိုင်းဆွဲလိမ့်​မယ်​"

"အာ hyungကလဲ သူတို့မမှတ်​မိ​အောင်​ ဦးထုပ်​​လေးကို ဒီလို​ဆောင်းမယ်​​နော်​ mask ​လေးကိုလဲ ​ဟောဒီလိုအုပ်​ပြီး မျက်​မှန်​တပ်​လိုက်​​တော့ မမှတ်​မိ​တော့ဘူး​ပေါ့"

Chanyeol​တစ်​​ယောက်​ အပြင်​သွားလည်​ရ​ရေး
တို့အ​ရေးဖြင့်​ မန်​​နေဂျာကြီးကို အစွမ်းကုန်​ ချစ်​စရာ​ကောင်း​အောင်​ကပ်​ချွဲဖား​နေ​လေသည်​။ မန်​​နေဂျာက သူ၏အကိုလိုလည်း ဟုတ်​ ဆရာလိုလည်းဟုတ်​သဖြင့်​ ဤသို့ပြုမူ
နေခြင်းပင်ြ​ဖစ်​သည်​။

"မင်းဒီလို လုပ်​​နေတာမြင်ရင် ဘယ်သူကနာမည်​ကျော် idolလို့ထင်​မှာလဲ ​တော်​ပြီ ​​သူတို့မှတ်​မိမလား မမှတ်​မိဘူးလား​တော့မသိဘူး ငါ​တော့​ချောင်းရိုက်​ခံရကိန်းဘဲမြင်​တယ်​ မသွားရဘူး"

"​ကောင်းပြီ​လေ Hyungကမသွားရဘူး​ပေါ့ ဒါဆိုလဲ hyungကျွန်​​တော့်​ကို ဂရုမစိုက်​ဘဲ ကုမ္ပဏီက Xiuminအနားဘဲကပ်​​နေတဲ့အ​ကြောင်း CEO ကို​ပြောရ​တော့မှာ​ပေါ့"

"ဟာ chanyeolကလဲ ဒီလို​ပြောလို့ဘယ်​ဖြစ်​မလဲ ဒီလိုလုပ်​ ၈ နာရီမခွဲခင်​​တော့ပြန်​လာခဲ့ပါကွာ ​နော်​"

"အင်းပါ ဟုတ်​ပါပြီ ခု​တော့သွား​တော့မယ်​ တာ့တာ့ ဟီး"

"ေ​အး​​အေး တာ့တာ့ပါကွာ"

- - - - - - - - - - - - - - - - - - - - - - -

Dreams(Completed)Where stories live. Discover now