Dreams ep 19

2.1K 155 2
                                    

မနက်​​စော​စောစီးစီး TV ဖွင့်​လိုက်​မိ​သော်​ တက်​လာသည့်
သတင်း​ခေါင်းစဉ်​က ရင်​ဝကိုဖ​နောင့်​နဲ့​ဆောင့်​ကန်​လိုက်​သလိုပင်​။

"Park Chanyeol နှင့်​ Junny တို့၏ ​မကြာမီ ​စေ့စပ်​​ကြောင်းလမ်းမည့်​ပွဲ"

စာသား​လေးက ရိုးရှင်း​သော်​လည်း ခံစားလိုက်​ရသည်​က ရင်​ထဲသို့ ဆို့တက်​လာ​သောခံစားမှု။ သူမ​ရွေးချယ်​ရမီပင်​ လုံးဝ​ရွေးချယ်​ခွင့်​ကို ပိတ်​ပင်​လိုက်​သလိုပင်​။ အဟက်​ လိုက်​ဖက်​ပါ​ပေတယ်​။ တကယ်​ကို လိုက်​ဖက်​တာပါ။ သူ့ဘဝနဲ့ လိုက်​ဖက်​မယ့်​ သူ့လက်​တွဲ​ဖော်​ကို ​သေ​သေချာချာ​လေး​ရွေးချယ်​သွားလိုက်​တာဘဲ။ ကိုယ့်​ကို တစ်​ခွန်းတစ်​ပါဒမှမ​ပြောဘဲ သူထင်​သလို လုပ်​သွားတဲ့သူ့ကိုသာ အပြစ်​တင်​ရမည်​လား။ သူနဲ့မလိုက်​ဖက်​တဲ့ ဘဝနဲ့​မွေးဖွားလာတဲ့ ကိုယ့်​ကိုကိုယ်​သာ အပြစ်​ဖို့ရမည်​လား ​ဝေခွဲ၍မရနိုင်​။

ထင်​ခဲ့သည်​ သူနဲ့ကိုယ့်​ရဲ့အချစ်​​တွေနဲ့ သူ့လက်​ကိုတွဲပြီး အရာရာကို​ကျောခိုင်းလိုက်​ရမလားလို့​လေ။ တကယ်​​တော့ ဒါကမိုက်​ရူးရဲဆန်​တယ့်​ စိတ်​ကူးသာသာဘဲ။ အချစ်​တစ်​ခုတည်းနဲ့ ဘဝကိုတည်​​ဆောက်​လို့ရတာမှမဟုတ်​တာ။ သူ့မှာလည်း သူ့​နောက်​မှာ မိသားစု ကိုယ့်​​နောက်​မှာလဲ ကိုယ့်​ကို​မျှော်​ကြည့်​​နေတဲ့ မိသားစု။

တကယ်​​တော့ ကိုယ်​နဲ့ သူ့ရဲအချစ်​​က စိတ်​ကူးယဉ်​ဆန်​တဲ့ အိမ်​မက်​သာသာ။

နောက်​ဆုံးမှာ မှန်​ကန်​တဲ့​ရွေးချယ်​ခွင့်​ကို ​ပေးလိုက်​တဲ့အတွက်​ 
ကျေးဇူးပါ Yeol ။ မလိုက်​ဖက်​တဲ့အချစ်​အတွက်​ တခဏတာ​ပျော်​ခဲ့မိရတဲ့အတွက်​ လဲ​ကျေးဇူးပါ။ ကိုယ်​တို့နှစ်​​ယောက်​ရဲ့ အမှတ်​တရ​တွေကို​တော့ ရင်​ထဲမှာသိမ်းထားခွင့်​ပြုပါ။

မနာကျင်​ဘူးလို့​ပြောရင်​ လိမ်​ရာကျပါလိမ့်​မယ်​။ အတက်​နိုင်​ဆုံး​တော့ ​မေ့နိုင်​​အောင်​ကြိုးစားပါ့မယ်​။ Yeol လဲ​ပျော်​ရွှင်​တဲ့ မိသားစုဘဝကိုပိုင်​ဆိုင်​ပါ​စေ။ မျက်​နှာချင်းဆိုင်​ပြီး လမ်းခွဲရမှာကို စိုးရွံမိတဲ့အတွက်​ စာလွှာ​လေးတစ်​ခုနဲ့သာ ကိုယ်​တို့ရဲ့ဇာတ်​လမ်းကို အဆုံးသတ်​လိုက်​ရ​အောင်​။

Dreams(Completed)Dove le storie prendono vita. Scoprilo ora