" ဘာ ဒါဆိုမင်းက နောက်ဆုတ်တော့မယ်ပေါ့ ဟုတ်လား အဟက် ငါကတော့စဉ်းစားလိုက်ရတာ မင်းကအချစ်ကို ကစားစရာထင်နေတာလား"
"ဒါဆိုလဲ ကျွန်တော့်ကိုပြတ်ပြတ်သားသားအဖြေတစ်ခုပေးလေဗျာ အခုကခင်ဗျားက အဖြောင့်လားအကောက်လားစဉ်းစားရတာနဲ့ကျွန်တော့်ခေါင်းတစ်ခုလုံး ပတ်ရှာလိုက်နေတာဘဲ"
"မင်းပြောတော့မင်းက fanboy ပါဆို ဒါဆိုရင်ငါမင်းကို ချစ်ချစ်မချစ်ချစ် မင်းကချစ်နေရမှာမလား"
"ဟုတ်တယ် ကျွန်တော်က ခင်ဗျား fanboy တစ်သက်လုံး အဝေးကချစ်နေမယ်လို့ မျော်လင့်ထားခဲ့တာ ဒါပေမဲ့ ခင်ဗျားနဲ့ နီးကပ်လာလေလေ ပိုင်ဆိုင်လိုစိတ်ပြင်းလာလေလေဗျ အဲဒါကိုဘယ်လိုလုပ်ရမှာလဲ အီးဟီးဟီး"
ပြောရင်းဆိုရင်းနှင့်ငိုချလိုက်သော ကောင်လေးကြောင့် Chanyeol ထွက်နေသောဒေါသများဘယ်ရောက်သွားသည်မသိ။ ထိုကလေးငိုနေသဖြင့် ဘေးနားမှ ဖြတ်သွားကြသည့်လူများက လှည့်ကြည့်လှည့်ကြည့်ဖြင့် ကြည့်သွားကြသည်။ အခုအရေးကြီးသည်က ထိုကလေးအငိုတိတ်ရန်ပင်ဖြစ်သည်။
"ဟေ့ ငိုမနေနဲ့မင်းမရှက်ဘူးလား အခုကမင်းကိုလူတွေ သတိထားနေကြတယ့်အချိန်ကွ"
"ဘာလဲ ငိုချင်တဲ့အချိန်တောင်ငိုလို့မရဘူးလား Omma ရေသားသားအဖြစ်ကိုလာကြည့်ပါဦးဗျ အူးဝါး"
"ဟာ ဘယ်လိုလုပ်မှအငိုတိတ်မှာလဲ ငါဘာလုပ်ပေးရမလဲ ဟင် မင်းဖြစ်စေချင်တဲ့အတိုင်းငါလုပ်ပေးမယ် ဟုတ်ပြီလား"
"ဟင့် တကယ်လား "
သူထိုသို့ပြောလိုက်မှ အငိုတိတ်သွားသောထိုကလေးကို ရိုက်သက်ချင်စိတ်သာဖြစ်သွားသည်။ တယ်လည်းတက်နိုင်တဲ့ ငနဲလေး ။ ခုဏကငိုတာသူမဟုတ်သလို သူ့လက်ကိုလာချိတ်ကာ သူ့ထက်ခေါင်းတစ်လုံးပိုရှည်သော ကျွန်တော့်မျက်နှာကိုကြည့်ကာ မေးနေသည်။ နည်းနည်းမျှပင် သနားစရာမကောင်းသော လူသား။ ကိုယ်က စိတ်သဘောထား အင်မတန်နူးညံ့သိမ်မွေ့သော Park Chanyeol ဖြစ်နေပြန်တော့လဲ အခက်သား။