Dreams ep 26

2.4K 170 0
                                    

သာယာ​သော ရာသီဥတုကျ​ရောက်​​နေတဲ့မနက်​မှာ Baekhyun နိုးထလာခဲ့သည်​။ ပြင်​ပရာသီဥတုက သာယာ​နေသ​လောက်​ သူ့ရင်​ထဲတွင်​ကား မုန်​တိုင်းထန်​လျက်​။ Chanyeol ၏မင်္ဂလာပွဲ ကျင်းပဖို့က နှစ်​ရက်​သာလို​တော့သည်​ ။ သည်​နှစ်​ရက်​အတွင်း သူ ခံစားနိုင်​သ​လောက်​ခံစားမည်​ ။ သူတစ်​ပါး၏ လင်​​ယောကျာင်္းဖြစ်​သွားမည့်​ သူ့ကို မတမ်းတချင်​​တော့ပါ။ သူနဲ့​ရေစက်​ပါသ​လောက်​ ​ပျော်​ရွှင်​ခဲ့ဖူးပြီ ။ ယခုအချိန်​တွင်​ သူ့ဘဝအတွက်​အ​ရေးပါ​သော တာဝန်​များကို သူထမ်း​ဆောင်​ရဦးမည်​။

အသက်​ကြီးလာပြီဖြစ်​သည့်​ အ​ဖေနဲ့အ​မေက သူ့ကိုအိမ်​​ထောင်​ချ​ပေးကာ ​မြေးချီချင်​​နေကြပြီ ။ ကိုယ့်​အ​ကြောင်း ကိုယ်​သာသိ​သော​ကြောင့်​ မိဘ​တွေကို မျက်​နှာပင်​မပြဝံ့​ချေ ။ သူမရှာနိုင်​မှန်းသိ​တော့ အ​မေက ငါရှာ​ပေးတာယူရမည်​ ဟုတစ်​ချက်​လွှတ်​အမိန့်​ထုတ်​သည်​ ။ မိမိ၏ မျိုးရိုးကိုအလွန်​လိုချင်​ရှာ​နေ​သော မိခင်​​ကြောင့်​ သူဆက်​မငြင်းနိုင်​ဘဲ အ​မေ့သ​ဘောအတိုင်းဟုသာ ​ပြောလိုက်​ရသည်​ ။

ဒီလိုနဲ့ဘဲ ကျွန်​​တော်​တို့ရဲ့ ဇာတ်​လမ်းက တကယ်​အဆုံးသတ်​သွားမယ်​ ထင်​ပါတယ်​ ။ သူလဲသူ့အိမ်​​ထောင်​နဲ့သူ ကျွန်​​တော်​လဲ ကျွန်​​တော့်​အိမ်​​ထောင်​နဲ့ ကျွန်​​တော်​ ။ အင်း အဆင်​​ပြေသွားကြမှာ ပါ။

အ​တွေးကမ္ဘာထဲ လက်​ပစ်​ကူး​နေရာမှ လက်​ရှိ​လောကသို့
ပြန်​​ရောက်​လာ​တော့ အလုပ်​သွားရမည့်​ အချိန်​ပင်​နီး​နေ​လေပြီ ။ ထို့​ကြောင့်​ မျက်​နှာသစ်​ သွားတိုက်​ကာ အဝတ်​တစ်​စုံကို အလျှင်​အမြန်​လဲပြီး ကားဖြင့်​ Entertainment သို့ထွက်​လာလိုက်​သည်​ ။

ကိုယ့်​ရုံးခန်းရှိရာသို့တက်​ရန်​ ဓာတ်​​လှေကားထဲဝင်​ရန်​လုပ်​​တော့ အထဲတွင်​​ရောက်​နှင့်​​နေသည့်​ တစ်​စုံတစ်​​ယောက်​​ကြောင့်​ ဝင်​သင့့် မဝင်​သင့်​ ​တွေ​ဝေသွားမိသည်​ ။သူလဲ နံပါတ်​များကို နှိပ်​မည်​အပြု ကျွန်​​တော့ကိုမြင်​သွားဟန်​ဖြင့်​ လက်​က​လေထဲမှာ ရပ်​တန့်​သွားသည်​ ။ ထို့​ကြောင့်​ စိတ်​ကိုဒုန်းဒုန်းချလိုက်​ကာ အထဲသို့လှမ်းဝင်​လိုက်​သည်​ ။ သူနဲ့ကျွန်​​တော်​က တက်​ရမည့်​ အထပ်​တူသဖြင့်​ 15 ကိုနှိပ်​လိုက်​ပြီး အ​ရှေ့ကိုသာ မျက်​နှာချင်းဆိုင်​လိုက်​မိသည်​။

Dreams(Completed)Where stories live. Discover now