Dreams ep 27

2.3K 178 7
                                    

မတင်​တာကြာလို့ ​မေ့သွားရင်​ အစက​နေပြန်​ဖတ်​ပါ T~T

ဒီ​နေ့က သူ့ရဲ့ မင်္ဂလာပွဲ​နေ့ ။ သူက မဖြစ်​မ​နေလာခဲ့ရမည်​ဟု ​ပြောထား​သော်​လည်း အခြားသူတစ်​​ယောက်​နဲ့အကြင်​လင်​မယား ဖြစ်​​မြောက်​တာကို မျက်​မြင်​ကြည့်​ရ​လောက်​သည်​အထိ ကျွန်​​တော်​က အသည်းမမာနိုင်​​သေး။ ထို့​ကြောင့်​ မ​နေ့ကတည်းက မ​ရောက်​တာကြာ​သော Busan ကအိမ်​ကို သွားရန်​ အကုန်​စီစဉ်​ထားပြီး အခုကားဂိတ်​ဆီသို့​ရောက်​​နေခြင်းဖြစ်​သည်​။

ကျွန်​​တော်​ တစ်​​ယောက်​ထဲ​တော့မဟုတ်​ ။ ကျွန်​​တော့်​အိမ်​ကို တစ်​ခါမှမ​ရောက်​ဖူး​သေး​သော Kai က သူပါအလည်​လိုက်​ချင်​သည်​ဆို၍ သူ့ကိုပါ​ခေါ်လာရသည်​ ။ အဟက်​ သတိ​တော့ရမိသား ။အရင်​တုန်းက Chanyeol နဲ့အတူ လာခဲ့ဖူးသည်​ကို​ပေါ့ ။ ထိုအချိန်​တုန်းက​တော့ ဘာမှပူပန်​စရာမရှိဘဲ နှစ်​​ယောက်​သား အ​ပျော်
ကြီး​ပျော်​ကာ အချစ်​ကြီး ချစ်​ဖူးခဲ့ကြ​သော်​လည်း အခုအချိန်​မှာ​တော့အရာအားလုံးက ဆန့်​ကျင်​ဘက်​။

ကားက စထွက်​​တော့မှာဖြစ်​တဲ့အတွက်​ ​တွေး​နေတာ​လေးကို လက်​စသတ်​ကာ ကား​ပေါ်သို့ kai နဲ့အတူတက်​လာခဲ့သည်​ ။ ခုံက သုံး​ယောက်​ခုံဖြစ်​​သော်​လည်း လွတ်​လွတ်​လပ်​လပ်​ထိုင်​နိုင်​ရန်​အတွက်​ သုံးခုံဖိုးလက်​မှတ်​ဖြတ်​ကာ ​နှစ်​​ယောက်​သား ​ချောင်​​ချောင်​ချိချိထိုင်​​နေလိုက်​ကြသည်​ ။

တစ်​ခါမှဒီလိုကားမျိုးမစီးဖူးပုံရ​သော kai ကကား​ပေါ်​ရောက်​​ရောက်​ချင်း အိပ်​​နေသည်​ ။ ကျွန်​​တော်​က​တော့ ပျင်းပျင်းနဲ့ ဖုန်းကိုဖွင့်​ကာ ကြည့်​​နေလိုက်​သည်​ ။ Twitter ဖွင့်​ကြည့်​မိ​တော့ Park Chanyeol and Junny wedding က Trending 1 ဖြစ်​​နေသည်​ ။ထို့​ကြောင့်​ Twitter မှထွက်​ကာ Ig ဝင်​ကြည့်​လိုက်​​တော့လဲ တင်​ထားသည်​က ထိုအ​ကြောင်းအရာချည်းပင်​။ သို့ဖြစ်​၍ internet ​လေးကို အသာပိတ်​ကာ နားကျပ်​က​လေးနဲ့ သီချင်းနား​ထောင်​၍ ​နောက်​ကိုအသာမှီ၍ မကြာမီမှာပင်​ အလွန်​တရာ​လေးလံလှ​သော မျက်​လုံး​ကြောင့်​ အိပ်​​ပျော်​သွားခဲ့သည်​။

Dreams(Completed)Where stories live. Discover now