Dreams ep 14

2.6K 178 6
                                    

Baekhyun မိဘတို့က Busan မှာ​နေကြသူများဖြစ်​သဖြင့်​ ထိုသို့. သွားရန်​ ကားဂိတ်​မှကားဖြင့်​သွားရသည်​။ Chanyeol မှာထို​နေ့တွင်​ရှိ​သော schedule များအားလုံးကို အချိန်​​ရွှေ့ခဲ့ရကာ Baekhyun နဲ့အတူလိုက်​ပါလာခဲ့ရသည်​။ နှစ်​​ယောက်​စလုံးက idol ​တွေဖြစ်​ကြသဖြင့်​ mask ကိုယ်​စီအုပ်​ကာ နှစ်​​ယောက်​ခုံတွင်​ထိုင်​ကြသည်​။

ကား​ပေါ်တွင်​တစ်​​ယောက်​လက်​တစ်​​ယောက်​ကိုင်​ကာ စထွက်​လာကတည်းက အချင်းချင်းပုခုံးမှီ၍ အိပ်​လာကြသည်​။ ကားလမ်း​ဘေးမှရှိ​သော စိမ်းစို​နေ​သောလယ်​ကွင်းများကိုလည်းမရှုစားအား။ အိပ်​ချင်​စိတ်​သာကြီးမှုး​နေသဖြင့်​ အိပ်​​နေကြသည်​။

Busan သို့မ​ရောက်​မီ လမ်းတစ်​ဝက်​တွင်​ကားရပ်​၍ ​နေ့လည်​စာ စားကြရသည်​။ ကားရပ်​နားထားရာတွင်​ ထမင်းဆိုင်​များ ၊စား​သောက်​ဆိုင်​များ ရှိ၍ စားချင်​သည်​များကိုစား​သောက်​နိုင်​သည်​။ Chanbaek လဲ သူတို့ကို လူများမှတ်​မိသွားမည်​စိုးသဖြင့်​ mask ကိုယ်​စီနှင့်​ ဆိုင်​၏ ​ချောင်​အကျဆုံးတွင်​ထိုင်​ကာ စားကြသည်​။ တစ်​​ယောက်​နှင့်​တစ်​​ယောက်​အပြန်​အလှန်​ခွံ​ကျွေးကြရင်း ​နေ့လည်​စာစားကြပြီး​နောက်​ ကား​ပေါ်သို့ ပြန်​တက်​ကြရသည်​။

ဒီတစ်​​ခေါက်​ကား​ပေါ်​ရောက်​​တော့ မအိပ်​ကြ​တော့ဘဲ Chanyeol က earphone တပ်​ကာလမ်း​ဘေးမှ လယ်​ကွင်းများ ၊ ပြာလဲ့​နေ​သော​ကောင်းကင်​များကို​ငေးကာလိုက်​ပါလာ သည်​။ Baekhyun က Chanyeol ရင်​ခွင်​ထဲသို့ဝင်​ကာ phone ထဲမှ Game level မြင့်​ရန်​အပြင်းအထန်​ကစား​နေသည်​။

"Baekhyun ah..."

"ဟင်​"

"Baekhyunnie"

"ဟင်​ လို့.."

"အဲ့ ဖုန်းဘဲကြည့်​မ​နေနဲ့ ကိုယ့်​ကိုကြည့်​အုန်း"

"ဟာ ခဏ​နေဦး နိုင်​​တော့မှာ ဒီမှာ"

"​နေ​တော့ အဲဖုန်းဘဲကြည့်​ ​သေ​အောင်​ကြည့်​ ဟွန့်​"

"Chanyeollie ကလည်း ကျွန်​​တော်​အခုမ​ချော့နိုင်​​သေးဘူး ခဏ​နေမှ​ချော့မယ်​ အခုဒီဂိမ်းနိုင်​ဖို့က အရာအားလုံးထက်​အ​ရေးကြီး​နေတယ်​ ကျွန်​​တော်​ ညကတည်းက​ဆော့​နေတာ ဒီ level ကကိုမတက်​နိုင်​ဘူး အခုနိုင်​​တော့မှာမလို့​နော်​ ​နော်​လို့"

Dreams(Completed)Where stories live. Discover now