Dreams ep 22

2.2K 161 0
                                    

CB Entertainment မှာအလုပ်​လုပ်​​နေသည်​မှာ ၁ ပါတ်​​လောက်​ပင်​ရှိ​နေ​ပေပြီ။ ဒီကြားထဲ Chanyeol က သူ့အနားသို့အ​ကြောင်းမဲ့ လာလာ​နေတက်​​သော​ကြောင့်​ ​ဒေါသလဲထွက်​ ၊ ရင်​လဲခုန်​ရသည်​။ တစ်​သက်​လုံး ချစ်​လာရသည့်​ လူတစ်​​ယောက်​ကို မုန်းဟန်​​ဆောင်​ရသည်​က အမှန်​ပင်​ ပင်​ပန်းလှသည်​။ တစ်​ခါတစ်​​လေ စိတ်​ကိုလွှတ်​ကာ မိမိသ​ဘောနှလုံးသားအလို အတိုင်းချစ်​လိုက်​ချင်​​သော်​လည်း ပတ်​ဝန်းကျင်​ ၊ မိဘစသည့်​ အ​ကြောင်းအရင်းများက တားမြစ်​​နေသည်​။

ယခုလဲ ကိုယ်​တိုင်းယူရမည်​ဖြစ်​တဲ့အတွက်​ Chanyeol က သူ့ရုံးခန်းသို့​ရောက်​​နေသည်​။ ကိုယ်​တိုင်းယူရန်​ သူနဲ့ မျက်​နှာချင်းဆိုင်​ရပ်​ကာ တိုင်း​နေ​တော့ သူက မိမိကို အဖိုးတန်​ရတနာကဲသို့ မြတ်​မြတ်​နိုးနိုးနဲ့ ရွှမ်းရွှမ်းစားစားကြည့်​​နေသည်​။ ကတုန်​ကယင်​ဖြစ်​​နေ​သော နှလုံးသားကို သတိနဲ့ ထိန်းကာ လုပ်​စရာရှိသည်​ကို လုပ်​​နေလိုက်​သည်​။

ကိုယ်​တိုင်းယူပြီး​သော်​လည်း မသွားနိုင်​​သေးဘဲ ဆိုဖာတွင်​ထိုင်​​​နေပြီး မိမိလုပ်​​နေသည်​များကို ထိုင်​ကြည့်​​နေ​သော Chanyeol ​ကြောင့်​ Baekhyun စိတ်​မရှည်​ဖြစ်​ကာ ​မေးမြန်းလိုက်​ရသည်​။

"ဒီမှာ ထိုင်​​နေပြီး ဘာလုပ်​​နေတာပါလဲ CEO ဖြစ်​ပြီး လုပ်​စရာအလုပ်​မရှိတာလား"

"အိုး ဟုတ်​သားဘဲ မ​တွေ့ရတဲ့ နှစ်​နှစ်​တာအတွက်​ အတိုးချကြည့်​​နေမိတာ အလုပ်​​တွေကို​တောင်​ ​မေ့သွားပြီ အဟမ်း ဒါနဲ့ ကိုယ့်​ကို coffee ​ဖျော်​တိုက်​ပါလား"

"ကျွန်​​တော်​က ခင်​ဗျားအတွင်း​ရေးမှူးမဟုတ်​ဘူး ​သောက်​ချင်​ရင်​ သူ့ကိုသွား​ပြောပါလား"

"ကိုယ်​က မင်းလက်​ရာဘဲ​သောက်​ချင်​တာ​လေ လုပ်​ပါ​နော်​ Please ​တောင်းဆိုတာပါ"

"ကျစ်​ ဒါဆိုလဲ ​သောက်​ပြီးရင်​ပြန်​​တော့ အလုပ်​လုပ်​​နေတုန်း အခြားတစ်​​ယောက်​ကြည့်​​နေရင်​ မလုပ်​တက်​ဘူး "

"အင်းပါ သွားပါ့မယ်​ အဲ​လောက်​လဲ မနှင်​ပါနဲ့ ကိုယ့်​နှလုံးသားက အဲ​လောက်​မမာဘူး ထိခိုက်​ဒါဏ်​ရာရသွားရင်​ ဘယ်​လိုလုပ်​မလဲ"

Dreams(Completed)Where stories live. Discover now