Dreams ep 13

2.5K 191 5
                                    

"​ဗျာ ကျွန်​​တော်​လုံးဝသ​ဘောမတူနိုင်​ဘူး ဇာတ်​လမ်းကိုလာကမ်းလှမ်းကတည်းက kiss sence ရိုက်​ရမယ်​လို့မှမပါတာ"

"မင်းသမီးက​တောင်​ဘာမှမ​ပြောတာ မင်းကဘာဖြစ်​​နေတာလဲ တကယ်​ဆိုကိုယ့်​ဖက်​က နစ်​နာစရာလဲ မရှိဘူး"

"မသိဘူးဗျာ မဖြစ်​မ​နေဆိုလဲ လူစားထိုးရိုက်​လိုက်​ ကျွန်​​တော်​က​တော့ မရိုက်​နိုင်​ဘူး"

"မင်း...မင်း....park chanyeol"

CEO ကိုအပြတ်​​ပြောကာ ရုံးခန်းမှထွက်​လာလိုက်​သည်​။
တကယ် ​​ဆိုအစကတည်းက ဇာတ်​လမ်းမှာမှမပါတာ။အရင်​ဇာတ်​ကား​တွေတုန်းက ဆိုလဲဒီလိုဘဲ အစားထိုးရိုက်​​နေကြ။  အဲဒါကို ဘာ​တွေအဆန်းထွင်​​နေကြလဲမသိ။ အခု​တော့ ပီပြင်​​အောင်​လို့ တကယ်​နမ်းရမည်​ ဆိုတဲ့ ဒါရိုက်​တာကိုသာ အ​သေသတ်​ချင်​စိတ်​​ပေါက်​သွားသည်​။

တကယ်​ပါ First kiss ကို Byun Baekhyun ဆိုတဲ့ ငမူး​လေး အတင်းယူသွားမှသာ ကုန်​ဆုံးခဲ့တာပါ။ ဒီEntertainment နဲ့ စာချုပ်​သက်​တမ်းမပြည့်​​သေးလို့သာ သည်းခံ​နေရတာ။ CEO က Idol ​တွေကို အရမ်းနှိမ်​ချင်​သည်။ သူလုပ်​လို့သာ အခုလို​အောင်​မြင်​လာရတာ ဆိုပြီး အမြတ်​ကြီးလည်း တအားစားသည်​။

ထို့​ကြောင့်​ စာချူ ပ်​သက်​တန်းပြည့်​သည်​နှင့်​ ကိုယ်​တိုင်​ Entertainment ​ထောင်​မည်​။ ​ကျေးဇူးကန်းသည်​ဟုဘဲဆိုဆို သူများလက်​​အောက်​၌ အလုပ်​လုပ်​ရသည်​ကို အမှန်​ပင်​မကြိုက်​ပါ။ ထို့​​ကြောင့်​ စာချူ ပ်​သက်​တန်းပြည့်​သည်​နှင့်​ ကိုယ့်​ babe ​လေးကို​ခေါ်ကာ Entertainment ​ထောင်​ရန်​ အခုကတည်းက အစီစဉ်​ချထားရသည်​။

အခု​တော့ Kiss sence ပါမည်​ဆိုသဖြင့်​ စိတ်​မ​ကောင်းဖြစ်​သွားရှာတဲ့ ထိုက​လေးဆီကိုသာ သွားရန်​ အ​ရေး
ကြီး​နေသည်​။ ယ​နေ့မည်​သည့်​ schedule မရှိသဖြင့်​ တိုက်​ခန်းမှာသာရှိမှာ​သေချာသည်​။ ​ရေခဲ​သေတ္တာသည်​ အမြဲရှင်းလင်း​နေတက်​သည့်​ သူ့အကျင့်​ကိုသိသဖြင့်​ မသွားခင်​ ကုန်​တိုက်​သို့အရင်​ဝင်​ပြီ မုန့်​များသစ်​သီးများ ဝယ်​ရသည်​။

Dreams(Completed)Where stories live. Discover now