Dreams ep9

3.1K 228 4
                                    

ဇာတ်​ကားစတင်​ရိုက်​ကူး​နေပြီဖြစ်​သဖြင့်​ အားလုံးအလုပ်​များ​နေ
ကြသည်​။ Chanyeol ကို Junny တစ်​ချိန်​လုံးလိုက်​ကပ်​​နေသဖြင့်​ Baekhyun လဲ Chanyeol အနားမှမ​ခွာ။ သို့​သော်​ Junny တစ်​​ယောက်​​ရေလာ​မြောင်း​ပေးလုပ်​ရုံသာမက ပင်​လယ်​ပင်​ဖြစ်​လုနီးပါး ဖြစ်​​နေ​သော်​လည်း Chanyeol ကတုတ်​တုတ်​မျှမလှုပ်​။ ဤသည်​ကိုပင်​ Junny တစ်​​ယောက်​မခံမရပ်​နိုင်​ဖြစ်​​နေခြင်းဖြစ်​သည်​။ သူမကဲ့သို့ Korea တွင်​ Top 10 ဝင်​မင်းသမီးကို အနည်းငယ်​မျှပင်​ စိတ်​မဝင်​စားခြင်းက အံ့ဩဖွယ်​​ကောင်းလှသည်​။

ထို့အပြင်​ Baekhyun ဆို​သော​ကောင်​​လေးကလည်းဖျက်​လိုဖျက်​ဆီးလုပ်​လှသည်​။ သို့​သော်​ Junny ဆို​သောသူမက လွယ်​လွယ်​နဲ့လက်​​လျှော့နက်​သည့်​အထဲမှာမပါ။ဒီနည်းနဲ့မရရင်​​နောက်​တစ်​နည်း​ပေါ့။အထိအ​တွေ့နဲ့ဆို လုံးဝမငြင်းနိုင်​မှာ​သေချာသည်​။

"Chanyeol shi ကလည်း ရိုက်​ကူး​ရေးပြီးပြီဆို​တော့ Dinner တူတူသွားစားကြမယ်​လို့​နော်​ လုပ်​​ဖော်​ကိုင်​ဖက်​အချင်းချင်းဘဲ ဒီ​နေ့​တော့လိုက်​ခဲ့​နော်​ ​နေ့တိုင်းငြင်း​နေတာ မ​မောဘူးလား"

"လုပ်​​ဖော်​ကိုင်​ဖက်​အချင်းချင်းသာ ဒီလိုစားရရင်​ကျွန်​​တော်​ လက်​လည်​မှာ​တောင်​မဟုတ်​ဘူးဗျ ပြီး​တော့ Baekhyun ကိုလုပ်​​ပေးစရာရှိ​သေးတယ်​"

"​ပြောလိုက်​တိုင်းအဲဒီ Baekhyun Baekhyun နဲ့ဘဲ မင်းကလည်းကိုယ့်​ဟာကိုယ်​နည်းနည်း​လောက်​လုပ်​ပါလား Chanyeol မပါရင်​မလုပ်​တက်​ဘူးလား"

"ကျွန်​​တော်​တို့က Drama အတွက်​ကြိုးစား​နေကြတာပါ ဘာမဟုတ်​တဲ့ ညစာတစ်​ခုအတွက်​နဲ့ အလုပ်​ကိုမပစ်​သင့်​ဘူး မလား"

"ဘာ ဘာမဟုတ်​တဲ့ညစာဟုတ်​လား မင်းကိုမိဘမဆုံးမထားဘူးလား လွတ်​လွတ်​စပယ်​သိပ်​နိုင်​တာဘဲ"

"Junny shi က​လေးကိုမ​အော်​ပါနဲ့ ကျွန်​​တော့်​အတွက်​ ခင်​ဗျားထက်​ Baekhyunnie ကအ​ရေးကြီးတယ်​ ဒါဆိုသွားခွင့်​ပြုပါဦးခင်​ဗျ"

Baekhyun လက်​ကိုဆွဲကာ Chanyeol ထွက်​သွား​သော​ကြောင့်​ Junny ထို​နေရာမှာရပ်​၍ကျန်​ခဲ့ရသည်​။ Baekhyun ကမထီမဲ့မြင်​ပြုံး ပြုံးပြကာ Chanyeol​ခေါ်ရာ​နောက်​လိုက်​သွားသည်​။ ဒီမိန်းမ တစ်​ဆိတ်​မလွန်​ဘူးလား မိန်းမသိက္ခာဆိုတာမရှိဘူးထင်​တယ်​။ သူများ လူကြီးကို မာယာအဖြာဖြာနဲ့ ဖျား​ယောင်း​နေတာ ရွံစရာ​ကောင်းလှတယ်​ ။တော်​ပါ​သေးရဲ့ လူကြီးက ကိုယ့်​ဘက်​မှာဖြစ်​လို့။ အခုလဲ ကိုယ်​​နေသည့်​ တိုက်​ခန်းကို ကားဖြင့်​လိုက်​ပို့​ပေး​နေသည်​။အ​စောတုန်းက အ​ဆောင်​မှာ​နေ​သော်​လည်း အနုပညာ​လောကထဲဝင်​၍ရ​သော ပိုက်​ဆံဖြင့်​ တိုက်​ခန်းတစ်​ခန်းဝယ်​ထားခြင်းဖြစ်​သည်​။ မိဘတို့ကိုလဲ ပြန်​လည်​​ထောက်​ပံ့နိုင်​ပြီဖြစ်​​သော​ကြောင့်​ ချစ်​စရာအလွန်​တစ်​ရာပင်​​ကောင်းပါ​သော​ Bobohu ​လေး​ပေါ့​နော်​။ ဒီလို​ကောင်​​လေးကို အဲဒီလူကြီးငြင်းလို့ရှိရင်​ ရူး​နေတာဘဲဖြစ်​ရမယ်​။

Dreams(Completed)Where stories live. Discover now