Dreams ep 29

2.4K 170 58
                                    

Baekhyun အိမ်​​ရှေ့သို့ ထွက်​သွားတာ​ကြောင့်​ kai ခြံကိုစူးစမ်း​နေမိသည်​ ။ ထိုအချိန်​တွင်​ ​ဘေးခြံမှ တစ်​​ယောက်​​ယောက်​ ဒန်းစီး​နေ​သော​ကြောင့်​ အမှတ်​တမဲ့ ကြည့်​​နေလိုက်​သည်​ ။

ကတုံးဆံပင်​​ပေါက်​နဲ့ ထိုသူက တစ်​စုံတစ်​​ယောက်​နဲ့အလွန်​ပင်​တူလှသည်​ ။ 

နောက်​​ကျော​ပေးကာ ဒန်းစီး​နေ​သောသူက ရုတ်​တရက်​သူ့ဘက်​သို့ လှည့်လာ​သော​ကြောင့်​ ထိုသူ့မျက်နှာ​ကိုပင်​မမြင်​လိုက်​ဘဲ မျက်​နှာလွှဲလိုက်​သည်​ ။

"ဒီမှာ ခင်​ဗျား Byun Arjushi အိမ်​မှာဘာလုပ်​​နေတာလဲ .."

"​ဩော်​ မင်းကိုး ငါ့ကိုသာ​ပြောတာ မင်းက​ရော အဲမှာဘာလုပ်​​နေတာလဲ "

"ကျူ ပ်​ဘာသာ ကျူ ပ်​အဘွားအိမ်​မှာ ​နေ​နေတာ ခင်​ဗျားကဘာမို့လို့ ​ပြော​နေရမှာလဲ "

"အဲလိုသာ ​ပြော​ကြေးဆို ငါ့ဘာသာ ငါ့သူငယ်​ချင်းအိမ်​ကို လိုက်​လာတာ ငါကဘာလို့မင်းကို ​ပြောရမှာလဲ "

"ကျူ ပ်​​ပြောတဲ့အတိုင်းလိုက်​​ပြောမ​နေနဲ့ ခင်​ဗျားကျူပ်​ကို အ​ကြွေး ငါး​ထောင်​​ပေးရမှာ ဘယ်​​တော့​ပေးမှာလဲ .."

လူကိုမြင်​မြင်​ချင်း အ​ကြွေးလာ​တောင်း​နေ​သော ထိုက​လေးငယ်​အား အမြင်​ကက်​ပုဒ်​မနဲ့ kai လဲရွဲ့​စောင်းကာသာ​ပြောလိုက်
သည်​ ။

"အမယ်​​လေး ​ကြောက်​စရာ​ကောင်းလိုက်​တာ လူမြင်​တိုင်းအ​ကြွေး​တောင်းရမယ်​လို့ မင်းကိုဘယ်​သူက​ပြောထားတာတုန်း ပြီး​တော့ ငါက​ လေး​ထောင်​ဘဲ​ပေးမယ်​လို့​ပြောထားတာ​လေ ဘယ်​လိုငါး​ထောင်​ဖြစ်​သွားတာလဲ .."

"ခင်​ဗျားလာမ​ပေးဘဲ ကျွန်​​တော်​ကစ​တောင်းရလို့ ငါး​ထောင်​ဖြစ်​သွားတာ ကဲတွယ်​ကပ်​မ​နေပါနဲ့ဗျာ ခင်​ဗျားကြည့်​ရတာ မွဲပြာကျ​နေတဲ့ သူ​တောင်းစားနဲ့လည်း မတူပါဘူး .."

"ဟာ ဒါ​တော့ လွန်​သွားပြီ မင်းကြည့်​ရတာ ​တော်​​တော်​​ငွေမက်​တဲ့ပုံဘဲ ငါ့ရဲ့ sugar baby ​လေးလုပ်​မလား ငါကဘယ်​သူ့မှ​ခေါ်ဖူးတာ မဟုတ်​ဘူး​နော်​ မင်းက ပထမဆုံးဘဲ ဘယ်​လိုလဲ ..."

Dreams(Completed)Where stories live. Discover now