Dreams ep 16

2.4K 172 5
                                    

Busan ကပြန်​လာပြီး ​ရွှေ့ထားခဲ့​သော Schedule များ​ကြောင့်​ Chanyeol အားလပ်​ချိန်​​တောင်​မရှိနိုင်​ဖြစ်​​နေရသည်​။ တက္ကသိုလ်​များပြန်​လည်​ တက်​​နေရပြီဖြစ်​​သော​ကြောင့်​ Baekhyun လဲ​ကျောင်းတက်​​နေရသည်​။ ထို့​ကြောင့်​ သူတို့နှစ်​​ယောက်​​တွေ့ချိန်​က နည်းပါးလာပြီး ညပိုင်း​လောက်​သာ ခဏ​တွေ့ရသည်​။ သူတို့အတူပါဝင်​ထား​သော Drama လဲရိုက်​ကူးပြီးပြီဖြစ်​၍ ဖြန့်​ချိရန်​သာကျန်​​တော့သည်​။

"Baekhyunnie ကိုယ့်​အိမ်​မှာ ကိုယ်​နဲ့အတူလာ​နေပါလား အခုက ​တွေ့ချိန်​​တောင်​မရှိ​တော့ဘူး"

"Yeol အိမ်​မှာ မိဘတွေရှိတယ်​မလား"

"အာ Omma နဲ့ Appa က ကိုယ့်​ကိုစိတ်​ဆိုး​နေကြတာ​လေ သူတို့ကုမ္မဏီမှာမလုပ်​ဘဲ ဒီ Idol အလုပ်​ကို​ရွေးချယ်​သွားလို့"

"​ဩော်​ ဒါ​ကြောင့်​ Yeol ကမိဘ​တွေအ​ကြောင်းထုတ်​မ​ပြောတက်​တာကိုး ဒါနဲ့ Yeol's appa နဲ့ Omma နာမည်​ကဘာလဲ"

"ကိုယ့်​အ​ဖေက Park Yongmin ​လေ"

"ဟာ အဲဒါ Park လုပ်​ငန်းစုရဲ့ ဥက္ကဌ မလား ဒီနိုင်​ငံရဲ့ အချမ်းသာဆုံး Top 10 စာရင်းဝင်​​လေ"

"အွန်းဟုတ်​တယ်​​လေ ဘာဖြစ်​လို့လဲ"

"ဝါး ကျွန်​​တော်​​တော့ တကယ့်​သူ​ဌေးသားကို ချစ်​သူ​တော်​ထားရတာဘဲ "

"ဒါ​ကြောင့်​ ကိုယ့်​ကို အခုထက်​ပိုပြီးဂရုစိုက်​ ဆိုးမယ်​လည်းမကြံနဲ့ ကိုယ့်​လိုလူမျိုးကို လက်​လွှတ်​လိုက်​ရရင်​ အရမ်းနှ​မြောစရာ
ကောင်းမှာ​နော်​"

"​တော်​ပါ ကျွန်​​တော်​က သူ​ဌေးသားကို ချစ်​တာမဟုတ်​ဘူး ​ဟောဒီက Park Chanyeol ကိုချစ်​တာ သိလား"

"အင်း ဒါဆိုရင်​ကိုယ့်​အိမ်​မှာ ​နေရမယ်​​နော်​"

"အွန်း ဘယ်​​နေ့လာ​နေရမှာလဲ"

"ဒီ​နေ့ဘဲသွားမယ်​ "

လိုအပ်​သည့်​ အသုံးအ​ဆောင်​များ၊အဝတ်​အထည်​အချို့ ကိုကားထဲတွင်​ထည့်​ကာ Chanyeol အိမ်​သို့ Baekhyun လာ​နေလိုက်​သည်​။ ကိုယ့်​တိုက်​ခန်းကို​တော့ ​သော့အလုံပိတ်​ကာ ထားခဲ့လိုက်​သည်​။ Chanyeol အိမ်​မှာ​နေလိုက်​ခြင်းအားဖြင့်​ အရင်​ထက်​​တော့ပို​တွေ့ချိန်​ရသွားသည်​။

Dreams(Completed)Where stories live. Discover now