Dreams ep 17

2.5K 178 2
                                    

ရက်​၊လ၊ရာသီများ အလီလီ​ပြောင်းကာ အချိန်​များက တစ်​နှစ်​​လောက်​ပင်​ကြာလာခဲ့သည်​။ Chanbaek နှစ်​ဦးတို့ကား ရန်​ဖြစ်​လိုက်​ပြန်​ချစ်​လိုက်​ဖြင့်​ အတူတကွဖြတ်​သန်းလာခဲ့ကြသည်​။ ​အောင်​မြင်​သထက်​​အောင်​မြင်​လာ​သော Chanyeol က မကြာခဏ overseas သွား​နေရကာ Baekhyun ကား​ကျောင်းတစ်​ဖက်​၊ အလုပ်​တစ်​ဖက်​ဖြင့်​ မအားလပ်​နိုင်​​အောင်​ရှိသည်​။ သူတို့၏ one year anniversary ပင်​မကြာခင်​ပြည့်​လာ​တော့မည်​။

Chanyeol တို့ Idol ဘဝဆိုသည်​မှာလည်းမလွယ်​လှ။ ​အောင်​မြင်​မှုကို ဆက်​လက်​ထိန်းထားနိုင်​ရန်​ အပင်​ပန်းခံကြရသည်​။ အမှားတစ်​ခုပြုလုပ်​မိလျှင်​ပင်​ ​ပြောမဆုံးနိုင်​ကြ​သော​လောကတွင်​ ကျင်​လည်​​နေရ​သော​ကြောင့်​လဲ ဘာတစ်​ခုကိုမှ အမှားမခံနိုင်​။ အပြင်​​တွေသွားလျှင်​လဲ မမှတ်​မိ​အောင်​ရုပ်​ဖျက်​သွားရသည်​။ သတင်း​ထောက်​ ၊ပါပါရာဇီတို့ကိုလည်း လွတ်​​အောင်​​ရှောင်​ရ​သေးသည်​။ အမှန်​တကယ်​ပင်​မလွတ်​လွပ်​​သော ဘဝဖြစ်​သည်​။ တစ်​ခါတစ်​​လေ အရာအားလုံးကို လက်​လွတ်​ကာ အ​ဝေးသို့ ချစ်​ရသူနှင့်​အတူ ​ရှောင်​​​ပြေးလို​သော စိတ်​​ပေါ်လာ​သော်​လည်း ဤ​နေရာ ရ​အောင်​ ကြိုးစားခဲ့ရပုံများ​ကြောင့်​ စိတ်​ကိုလည်းအလိုမလိုက်​နိုင်​ရာ။

ယခုလဲ ရှားရှားပါးပါး​တွေ့ရသည့်​အချိန်​တွင်​ ​တွေး​နေမိသည့်​ စိတ်​ကို သတိရကာ လက်​ရှိ​လောကထဲသို့ ပြန်​​ခေါ်လာရသည်​။

"Chanyeollie ​နောက်​လဆိုရင်​ Anni ​ရောက်​​တော့မယ်
နော်​"

"အင်း ကိုယ်​သိပါတယ်​ ဒါ​ပေမဲ့ ကိုယ်​ ​Drama ရိုက်​မို့ ​ပေကျင်းကိုသွားရမယ်​ "

"ဟင်​ ထပ်​ပြီးသွားရဦးမှာလား ​အေး​လေ ပိုပြီး​​အောင်​မြင်​လာ​တော့လဲ အားလပ်​ချိန်​ဘယ်​ရှိပါ​တော့မလဲ.."

"စိတ်​မ​ကောင်းမဖြစ်​ပါနဲ့ကွာ ကိုယ်​တို့ Anni မတိုင်​ခင်​ပြန်​လာခဲ့မယ်​ ဟုတ်​ပြီလား"

"အင်းပါ ကျွန်​​တော်​လဲ စာကြည့်​ရဦးမယ်​ ခင်​ဗျားရှိ​နေလို့ စာမဖတ်​ရဘူး "

Dreams(Completed)Where stories live. Discover now