Dreams ep 23

2.1K 169 5
                                    

မ​ပြောမဆိုဘဲနဲ့ Kai နဲ့စကား​ပြော​နေတုန်း လက်​ကိုအတင်းဆွဲကာ​ခေါ်လာ​သော Chanyeol ​ကြောင့်​​ Baekhyun အူတူတူဖြင့် သူ့​နောက်​သို့လိုက်​ပါလာရသည်​။ ဆိုင်​ထဲတွင်​ လူအများအပြားမရှိလို့သာ ​တော်​​သေးသည်​။ ရှိသည့်​လူအနည်းငယ်​ကလည်း စိတ်​ဝင်​တစားဖြင့်​ ကြည့်​​နေကြသည်​။ ​ရှေ့​နောက်​မစဉ်းစားဘဲ ကိုယ်​ဖြစ်​ချင်​တာကိုသာ ဇွက်​လုပ်​​သော Chanyeol ​ကြောင့်​ Baekhyun သူ့အစားရင်​​မောမိသည်​။

"မင်းကိုယ့်​ကို ငြင်း​နေတာ​တွေက ဒါ​တွေ​ကြောင့်​​ပေါ့ဟုတ်​လား"

"ဘာ​တွေ​ပြော​နေတာလဲ ခင်​ဗျား​ပြောတာ ဘာမှနားမလည်​ဘူး "

"ကိုယ်​နဲ့ရှိ​နေတုန်းကကျ မမြင်​ရတဲ့ မင်းရဲ့အပြုံး​တွေက ဘာဖြစ်​လို့ ခုဏက​ကောင်​​ရှေ့ကျ​တော့ ​ဖော​ဖောသီသီ​ပေး​နေရတာတုန်း မင်း​ပြော​တော့ မဖြစ်​နိုင်​တာ​တွေဆို "

"ခင်​ဗျား ကျွန်​​တော့်​ကို သိက္ခာမချပါနဲ့ အခုခင်​ဗျားနဲ့ ကျွန်​​တော်​နဲ့က အလုပ်​ရှင်​နဲ့ အလုပ်​သမား ဆက်​ဆံ​ရေးဘဲရှိ​တော့တာ သတိရပါ "

ငိုချင်​​နေသည့်​ စိတ်​ကိုထိန်းထားရင်း ရင်ထဲကမပါ​သော စကားများကို Baekhyun ​ပြောလိုက်​မိသည်​။ သူရဲ့ဘဝထဲမှာ ပါဝင်​ခဲ့တယ့်​ အတိတ်​​တွေကို ​​မေ့​ပျောက်​ပြီး ​ကောင်း​ကောင်းကြီး ဘဝကို​ပျော်​ရွှင်​စွာနဲ့ ဖြတ်​သန်းနိုင်​​စေလိုသည်​မှာ Baekhyun ၏ အတ္တ။ ထို့​ကြောင့်​ သူ့ကိုစိတ်​နာ​စေလို​သော ရည်​ရွယ်​ချက်​ဖြင့်​ သာ ဤသို့​ပြောဆို​နေခြင်း။

"အဟား Baekhyun မင်း​တော်​​တော်​ ​ပြောင်းလဲသွားတာဘဲ "

"ဟုတ်​တယ်​ ကျွန်​​တော်​ အားလုံး​ပြောင်းလဲသွားပြီ အရင်​တုန်းက ကျွန်​​တော့်​ ပုံစံ​တွေ​ရော ခင်​ဗျားကို ချစ်ခဲ့​​တဲ့ အချစ်​​တွေအကုန်​လုံးရောဘဲ"

"မင်းကိုယ့်​ကို အ​ကြောင်းပြချက်​​လေးဘဲ​ပေးပါ ဘာ​ကြောင့်​ကိုယ့်​ကို ထားခဲ့ရတာလဲ ဆိုတာ အခု​တော့ ဘာမှမသိတဲ့ ကိုယ်​ကအရူးကြီးလိုဘဲ"

"ခင်​ဗျားသိလဲ ဘာမှထူးသွားမှာ မဟုတ်​တဲ့အတွက်​ ကျွန်​​တော်​မ​​ပြောပြနိုင်​ဘူး ကျွန်​​တော့်​ကို မ​နှောင့်​ယှက်​ပါနဲ့​တော့ ဒီလိုဆိုရင်​ ကျွန်​​တော်​ ​နောက်​တစ်​​ခေါက်​ အ​ဝေးကို ထွက်​​ပြေးသွားရလိမ့်​မယ်​ "

Dreams(Completed)Where stories live. Discover now