Dreams ep12

2.7K 192 7
                                    

"ဒီမှာ ခင်​ဗျားကို hyung နဲ့ လုံးဝသ​ဘောမတူနိုင်​ဘူး hyungကို ကျွန်​​တော့်​ ဘဝထဲက​နေဆွဲထုတ်​ခွင့်​မပြုနိုင်​ဘူး"

"ဒါ​ပေမဲ့ မင်းhyung ချစ်​တာက ငါ​လေ သူလဲသူချစ်​တဲ့ မိန်းက​လေးနဲ့ ​နေချင်​မှာ​ပေါ့"

"မဟုတ်​ဘူး မဟုတ်​ဘူး ခင်​ဗျားလိမ်​​နေတာ အား..."

"Cut"

Drama ရိုက်​ကူး​နေရသဖြင့်​ စိတ်​ကို Drama ထဲမှာသာနှစ်​၍ သရုပ်​​ဆောင်ရသည်​။ အပြုအမှု တစ်​ခုချင်းစီကိုလဲ သတိထားရမည်​ဟု ချစ်​လှစွာ​သော အနာဂါတ်​လင်​ကြီး ၏သင်​ပြမှု​ကြောင့်​ အ​ကောင်းဆုံးသရုပ်​​ဆောင်​လိုက်​သည်​။

"Baekhyun shi အရမ်း​တော်​တယ်​ဗျာ သရုပ်​​ဆောင်​​နေတာလို့​တောင်​ မထင်​ရဘူး"

"​ကျေးဇူးတင်​ပါတယ်​ဗျ"

Staff များ၏ ချီးကျူးစကား​ကြောင့်​ လူကအ​ပေါ်သို့မြင့်​ချင်​သလို​တောင်​ဖြစ်​သွားသည်​။ Staff များကို ​ခေါင်းငုံ့နှုတ်​ဆက်​ကာ ခုံ​ပေါ်တွင်​ ဇိမ်​ကျကျထိုင်​​နေ​သော ချစ်​ရသူကြီးဆီသို့သာ သွားလိုက်​သည်​။

"ပြီးပြီလား"

"​နောက်​တစ်​​ခေါက်​က Yeol အလှည့်​မလား"

"အင်း​ ​ရော့ coffee ကိုယ်​ခုဏကဝယ်​ခိုင်းလိုက်​တာ"

"​ကျေး​ကျေး ​ကောင်း​ကောင်း​သောက်​ပါ့မယ်​"

Coffee ​သောက်​ရင်း​ဘေးနားသို့ ​ပေသွား​သော​ကောင်​​လေး​ကြောင့်​ Chanyeol တစ်​ချက်​ပြုံးကာ တစ်​လျူးဖြင့်​ သုတ်​​ပေးလိုက်​သည်​။

"က​လေးကျ​နေတာဘဲ ​ဘေးနား​တွေလဲ​ပေလို့"

"ကျွန်​​တော်​က က​လေးဘဲဟာကို"

"မင်း​ပြော​တော့ က​လေးသုံး​ယောက်​​တောင်​ယူလို့ရ​နေပြီဆို"

"ဟင်​ အဲဒါ Yeol ဘယ်​လိုသိတာလဲ"

"ဘာလို့ဆို အဲဒီတိုက်​မိတဲ့သူက ကိုယ်​မလို့​ပေါ့ ​ကောင်​စုတ်​ရဲ့"

"ဟာ ကျွန်​​တော်​လုံးဝ​တောင်​မမှတ်​မိဘူး အဲတုန်းက Yeol က အကြမ်းဖက်​သမားလိုလို လုပ်​ကြံမယ်​လူလိုလိုနဲ့ကိုး"

Dreams(Completed)Where stories live. Discover now