Dreams Final

4.6K 219 4
                                    

ကိုးရီးယား၏ အကြီးမားဆုံး​သော "Monster Hotel "ကြီးတွင်​ ကျင်းပသည့်​ Korea No.1 Idol Park Chanyeol နှင့်​ Byun Baekhyun တို့၏ မင်္ဂလာပွဲ။

ကျယ်​လွန်းသည့်​ ခန်းမထဲတွင်​ နီညို​ရောင်​​ကော်​​ဇော​တွေကိုခင်းထားပြီး ဖြူလွ​သော ပန်းများဖြင့်​အလှဆင်​ထားသည်​ ။ အနုပညာအသိုင်းအဝိုင်းမှ မိတ်​​ဆွေများသည်​လည်း သူတို့နှစ်​ဦး​ပေါင်းစည်းခြင်းကို ​ကောင်းချီး​ပေးရန်​အတွက်​ တက်​​ရောက်​လာကြသည်​ ။

အခက်​အခဲ​တွေအားလုံးကို ဖြတ်​​ကျော်​ခဲ့ရသည့်​ သူတို့နှစ်​ဦးသည်​   တစ်​ဦးနှင့်​တစ်​ဦးပိုင်​ဆိုင်​​ကြောင်း အသိအမှတ်​ပြုရန်​အတွက်​ လက်​ထပ်​ခြင်းဆိုသည့်​ ​ခေါင်းစဉ်​ကို ပရိတ်​သတ်​​တွေထံချပြခဲ့သည်​ ။ နဂိုကတည်းက သူတို့နှစ်​ဦးကိုချစ်​ကြသည့်​ ပရိတ်​သတ်​များက သဘာဝအတိုင်းမဟုတ်​သည့်​ သူတို့ချစ်​ခြင်းကို ဝမ်း​မြောက်​စွာနဲ့ လက်​ခံ​ပေးကြသည်​ ။

လက်​ခံသူများရှိသကဲ့သို့ ဆန့်​ကျင်​ကြသူများလဲရှိကြသည်​ ။ သို့​သော်​ Hater များဆိုသည်​ကား ​​မိမိတို့ အသက်​ရှု​နေသည်​ကိုပင်​ အလိုမကျသူများဖြစ်​သည့်​အ​လျောက်​ သူတို့ကိုလျှစ်​လျူ ရှုကာ မိမိတို့​ပျော်​ရွင်​ရမည့်​လမ်းကို ရဲရဲဝံ့ဝံ့ဖြင့်​သာ ​လျှောက်​လှမ်းသွားရန်​သာရှိသည်​ ။

မိဘများကလည်း နားလည်​လက်​ခံ​ပေးကြသည့်​ သူတို့နှစ်​​ယောက်​၏ ချစ်​ခြင်းတရားသည်​ ​ပျော်​ရွှင်​မှုများဖြင့်​သာ ပြည့်​နှက်​​နေမည်​မှာ မလွဲဧကန်​ပင်​ဖြစ်​​ပေသည်​ ။

Chanyeol သူတို့ကို အကြင်​လင်​ခင်​ပွန်းအဖြစ်​ချီး​မြောက်​​ပေးမည့်​ Father ၏​ရှေ့တွင်​ ရပ်​ကာ သူရဲ့သတို့သား​လေးကို စိတ်​လှုပ်​ရှားစွာဖြင့်​ ​စောင့်​​မျှော်​​နေမိသည်​ ။

မကြာမီပင်​သူနဲ့တူတူဝတ်​ဆင်​ထားသည့်​ အဖြူ​ရောင်​ဝတ်​စုံ​လေးဖြင့်​ ဖခင်​ဖြစ်​သူ၏လက်​​မောင်းကိုချိတ်​ကာ သူရှိရာစင်​မြင့်​ထက်​သို့ ရှက်​ပြုံး​လေးဖြင့်​ ​လျှောက်​လှမ်းလာ​သော ချစ်​ရသူ​လေးကို​တွေ့ရသည်​ ။

Dreams(Completed)Wo Geschichten leben. Entdecke jetzt