Dreams ep7

3.2K 265 5
                                    

"Park Chanyeol နှင့်​ Byun Baekhyun တို့အတူတကွသီဆိုထား​သော Song name "Dreams" သည်​ music chart များတွင်​ နံပါတ်​တစ်​စွဲလျက်​ရှိ။ Youtude viewer များမှာလဲ တဟုန်​ထိုးတိုးတက်​လျက်​ရှိ။ Park Chanyeol ၏ ယခု album သည်​ 0.2 sec အတွင်း sold out ဖြစ်​သွား။ Byun Baekhyun အား Entertainment အများအပြားမှ စာချုပ်​ချုပ်​ဆိုလိုကြ​သော်​လည်း Byun Baekhyun သည်​ SM Entertainment နှင့်​သာစာချုပ်​ချုပ်သွားမည်​ဖြစ်​​ကြောင်း​ပြောကြား"

ယခုအချိန်​တွင်​ TV သတင်းအစီစဉ်​များမှာ ထိုသတင်းများဖြင့်​ ​ရေပန်းစား​နေသည်​။ လူအများစိတ်​ဝင်​စားသည့်​ သတင်းဖြစ်​​သော​ကြောင့်​ သတင်း​ထောက်​များကလည်း မျက်​​ခြေမပြတ်​​စောင့်​ကြည့်​​နေကြသည်​။ ရရှိသည့်​သတင်းများကိုလည်း သူ့ထက်​ငါအပြိုင်​အဆိုင်​တင်​ကြ​လေသည်​။

"Arshi စိတ်​ပျက်​လိုက်​တာ ဘယ်​သွားသွားသူတို့က လိုက်​​နေကြတာဘဲ"

"ဒါက မင်း​ရွေးချယ်​တဲ့လမ်းဘဲ ဒါ​တွေနဲ့အသားကျ​အောင်​လုပ်​ရမှာ​ပေါ့"

"ကျွန်​​တော်​​ရွေးချယ်​တဲ့ လမ်းမဟုတ်​ဘူး Yeol ​ရွေး​ပေးတဲ့လမ်း"

"ငါကဘာလို့​ရွေး​ပေးရမှာတုန်း"

"အာ တုံးလိုက်​တာဗျာ ကျွန်​​တော်​က Yeol အနားမှာ​နေနိုင်​ဖို့ ဒီလမ်းကို​ရွေးထားတာ​လေ ဒီ​တော့ Yeol ​ရွေး​ပေးတဲ့လမ်း​ပေါ့ ဒါနဲ့ ကျွန်​​တော့်​ကို ဘယ်​​တော့အ​ဖြေပြန်​​ပေးမှာလဲ"

"ငါမင်းကိုစဉ်းစားဦးမယ်​လို့​ပြောထားတယ်​​လေကွာ"

"Yeol စဉ်းစားတာကလဲ ကျွန်​​တော်​သာ မိန်းမရလို့ က​လေးငါး​ယောက်​​မွေးသွားမယ်​ စဉ်းစားလို့ပြီးမှာမဟုတ်​ဘူး"

"မင်းအခုမိန်းမယူဖို့ စဉ်းစား​နေတာလား အဟက်​"

"အာ yeol ကလည်းကျွန်​​တော်​က စကားအဖြစ်​​ပြောတာ​လေဗျာ ဧကန္တ သဝန်​တို​နေတာလား ခ်​ခ်​"

"ငါ ငါက ဘာလို့ သဝန်​တိုရမှာလဲ ကိုယ့်​ဖက်​ကိုယ်​ယက်​တဲ့လိပ်​မျိုးရ"

"လူဆိုတာ ကိုယ့်​ဘက်​ကိုယ်​ယက်​ကြတာဘဲ​လေ သူများဘက်​ယက်လို့ အယက်​မ​တော်​ရင်​ ကိုယ်​ဘဲခံရမှာ​ပေါ့ မဟုတ်​ဘူးလား"

SM Entertainment ထဲက အခန်းတစ်​ခုတွင်​ မျက်​နှာနီရဲ​နေ​သော လူကြီးတစ်​​ယောက်​နှင့်​ ထိုလူကြီးကို စ​နောက်​​နေ​သော ​ကောင်​​လေးတစ်​​ယောက်​ကို ​တွေ့နိုင်​ပါတယ်​ အ​ဟေး​ဟေး။

- - - - - - - - - - - - @ - - - - - - - - - -

"ဗျာ ဒါဆို ကျွန်​​တော်​တို့က drama ရိုက်​ရမှာလား"

CEO ​ခေါ်သဖြင့်​ chanyeol နှင့်​ baekhyun ရုံးခန်းသို့သွားကြရာ Drama ရိုက်​ကြရမည်​ကို​ပြောသည်​။

"အင်း ဟုတ်​တယ်​ မင်းတို့ နှစ်​​ယောက်​ကို drama ရိုက်​ဖို့ လာကမ်းလှမ်းလာတယ်​ အဲ​တော့မင်းတို့ရိုက်​ကြရမယ်​"

"ကျွန်​​တော့်​အတွက်​​တော့ အဆင်​​ပြေ​ပေမယ့်​ baekhyun အတွက်​​တော့ အခက်​အခဲရှိမယ်​ ထင်​တယ်​"

"ဘာခက်​တာမှတ်​လို့ကွာ သူသီချင်းဆိုဖို့ မင်းသင်​​ပေးတာမလား သရုပ်​​ဆောင်​ကိုလည်း နည်းနည်းပါးပါး သင်​​ပေးလိုက်​​ပေါ့ baekhyun အဆင်​​ပြေတယ်​မလား"

"ဟုတ်​ကဲ့ ကျွန်​​တော်​အတက်​နိုင်​ဆုံးကြိုးစားပါ့မယ်​"

"​အေး မင်းတို့လိုကြိုးစားလိုစိတ်​ရှိတဲ့ လူငယ်​​တွေကို စင်​မြင့်​​ပေါ်တင်​​ပေးရတာ ငါ့တို့ဝမ်းသာပါတယ်​ ဒါဆိုလည်းမင်းတို့သွားလို့ရပြီ ​အော်​ဒါနဲ့ မင်းသမီးက အခု​အောင်​မြင်​လာတဲ့ junny ကွ "

"ဟုတ်​ကဲ့ ဒါဆိုသွားလိုက်​ပါဦးမယ်​"

CEO ရုံးခန်းမှ ထွက်​လာပြီးမှိုင်​​တွေ​နေ​သော Baekhyun 
ကြောင့်​ chanyeol မ​နေနိုင်​မထိုင်​နိုင်​ဖြစ်​​နေရသည်​။ ဒီ​ကောင်​​လေးဘာ​တွေစိတ်​ခု​နေပါလိမ့်​။ ယခင်​လို သာလိကာကဲသို့စကားကြွယ်​​သော ​ကောင်​​လေးက တိတ်​ဆိတ်​​နေ​တော့ ပတ်​ဝန်းကျင်​က ​အေးစက​နေသလိုလို။ ထို့​ကြောင့်​မ​နေနိုင်​​သော Park Chanyeol ကဘဲ​မေးရသည်​။

"​ဟေ့ baekhyun ဘာဖြစ်​​နေတာလဲကွ ငါ့ကိုစိတ်​ဆိုး​နေတာလား"

"မဟုတ်​ပါဘူး "

"ဒါဆိုဘာလို့မှိုင်​​နေရတာလဲ"

"ကျွန်​​တော်​​တွေး​နေမိလို့ပါ မင်းသမီး Junny ကသူ့အင်​တာဗျူးထဲမှာ ​ဖြေသွား​တယ်​​လေ Park Chanyeol က သူ့ type လို့"

"ဟုတ်​လား ငါ​တောင်​မသိလိုက်​ဘူး"

"ဒါ​ကြောင့်​ ကျွန်​​တော်​စဉ်းစား​နေတာ Yeol ကသူ့လိုလှပယဉ်​​ကျေးတဲ့ မိန်းက​လေးမျိုးကိုဘဲ ချစ်​မှာ​လေ ဒီ​တော့ကျွန်​​တော်​အ​ဖြေ​တောင်းထားတာ ပြန်​ရုတ်​သိမ်းရမလားလို့"

Dreams(Completed)Dove le storie prendono vita. Scoprilo ora