Dreams ep 6

3.4K 271 4
                                    

Album ထွက်​ဖို့နီးလာသဖြင့်​ Chanyeol နှင့်​ Baekhyun တို့အလုပ်​များ​နေကြသည်​။ Studio ထဲတွင်​သီချင်းသွင်း၍ ရိုက်​ကူးမှုများပြုလုပ်​ကြရသည်​။ သီချင်းထဲတွင်​ သရုပ်​​ဆောင်​လဲထည့်​သွင်းမည်​ဖြစ်​သဖြင့်​ ဂျယ်​ဂျူ သို့ ​ရိုက်​ကူးရန်​ ခရီးထွက်​ရ​သေးသည်​။ Baekhyun မှာလဲ ​ကျောင်းနှစ်​လပိတ်​ထားသည့်​အတွက်​ ​အေး​ဆေးလိုက်​နိုင်​ခြင်းဖြစ်​သည်​။

MV ထဲတွင်​ Chanyeol ကပင်​လယ်​ဘက်​သို့ မျက်​နှာမူကာ မျက်လုံးမှိတ်ပြီး ​​​လေ​ပြေများကိုခံစား​နေရသည်​။ ထိုမြင်​ကွင်းကိုမြင်​​နေရ​သော Baekhyun အတွက်​မှု နတ်​ပြည်​​ရောက်​​နေသလိုခံစား​နေရသည်​။ အဟမ်း ကိုယ့်​ idol တစ်​​ယောက်​လုံးကိုယ့်​မျက်​စိ​ရှေ့မှာ အရှင်​လတ်​လတ်​ ဆံပင်​​လေး​တွေ ​လေ​ပြေနဲ့အတူ​ဝေ့ယမ်းပြီး မျက်​လုံး​လေးမှိတ်​​နေတာကို ​တွေ့မြင်​​နေရတဲ့ fan တစ်​​ယောက်​အ​နေနဲ့ ​တွေးကြည့်​လိုက်​စမ်းပါ။ ဒါ​တွေက အရှင်​လတ်​လတ်​နတ်​ပြည်​​ရောက်​ဖို့ လုံ​လောက်​​နေပါပြီ​နော်​။

Chanyeol အလှည့်​ပြီး​တော့ Baekhyun ကသဲ​သောင်​ပြင်​​ပေါ်မှာ ​ပြေးလွှားသွားရတဲ့ အခန်းရိုက်​ကြရတယ်​။ Chanyeol အတွက်​က​တော့ သဲ​သောင်​​ပေါ်မှာ​ပြေးလွှား​နေ​သော Baekhyun က က​လေး​လေးသဖွယ်​အသဲယားစရာ​ကောင်းလှသည်​။သေချာသည်​ ဒီက​လေး​တော့ fan မမများ၏ဝန်းရံမှုကို ခံရ​တော့မည်​။

ရိုက်​ကူးမှုက သုံးရက်​​လောက်​ကြာမည်​ဖြစ်​သဖြင့်​ ဂျယ်​ကျူ ရှိ ဟိုတယ်​တွင်​ နှစ်​ရက်​အိပ်​ရ​လေသည်​။ ဟိုတယ်​တွင်​ chanbaek နှစ်​​ယောက်​ကို တစ်​ခန်းတည်း​နေရန်​ စီစဉ်​ထားကြသည်​။ ​ရေမိုးချိုးစား​သောက်​ကြပြီး​နောက်​ Baekhyun ​တောင်းဆိုသဖြင့်​ ဝိုင်​​သောက်​ကြ​လေသည်​။ နည်းနည်း​လောက်​​သောက်​ပြီးတာနဲ့ Baekhyun တစ်​​ယောက်​ဇာတိပြလာ​လေသည်​။

"Yeol သိလား"

"ဟင်​ ဘာကိုလဲ"

"ကျွန်​​တော်​က yeol ကို ဟိုး TV ထဲမှာမြင်​ကတည်းက ချစ်​သွားတာကို​လေ"

"ငါကဘယ်​လိုသိမှာလဲ"

"အဲဒီအချိန်​က စပြီးကျွန်​​တော်​က yeol တစ်​​ယောက်​တည်းကို ​မျှော်​ကြည့်​ပြီး​နေလာခဲ့တာ"

Dreams(Completed)Where stories live. Discover now