Dreams ep 30

2.3K 171 21
                                    

"မလိုက်​ပါနဲ့ဆို Chanyeollie ကလဲ ..."

"ဟင့်​အင်း လိုက်​မှာဘဲ ကိုယ့်​​ကောင်​​လေးက မိန်းမတစ်​​ယောက်​နဲ့​တွေ့ဖို့သွားတာ ကိုယ်​က ဘယ်​လိုစိတ်​မျိုးနဲ့ ​နေခဲ့ရမှာလဲ..."

"ဒါ​ပေမဲ့ ကျွန်​​တော်​မှာ ခင်​ဗျားကလွဲပြီး အခြားဘယ်​သူမှမရှိတာကို...ကျွန်​​တော့်​ကိုမယုံတာလား "

"ကိုယ့်​ရဲ့ Baekhyunee ကိုမယုံတာမဟုတ်​ဘူး အခြားသူ​တွေကို မယုံတာ ...ကိုယ့်​ရဲ့အချစ်​​လေးက လူတစ်​ကာချစ်​​လောက်​တဲ့ ရုပ်​ရည်​မျိုးနဲ့ကို ကိုယ်​စိတ်​မချပါဘူး..."

"​ပြောလို့မရရင်​လဲ လိုက်​ခဲ့ဗျာ ..."

အစက မသွားရန်​အကြိမ်​ကြိမ်​တားပြီး မသွားလို့မရဟု ​ပြောလိုက်​တဲ့အခါ သူပါလိုက်​မည်​ဟု ဇွတ်​အတင်း ​တောင်းဆိုလာ​သော Chanyeol ။ တားလို့မရသည့်​အဆုံး Baekhyun ​လဲ​ခေါ်လာခဲ့ရသည်​ ။ အ​မေတို့ ချိန်း​ပေးထားသည့်​ ဆိုင်​​ရောက်​သည့်​အခါ လက်​ထဲမှ ဓာတ်​ပုံမှ မိန်းက​လေးကို ပထမဆုံးအကြိမ်​ကြည့်​လိုက်​ပြီး ဆိုင်​အတွင်းလှည့်​လည်​ ရှာ​ဖွေလိုက်​သည်​ ။

သိပ်​မကြာခင်​မှာဘဲ ဆိုင်​ရဲ့​ထောင့်​နား​လေးမှာ ထိုင်​​နေ​သော Kim Nana ဆို​သော ​ကောင်​မ​လေးကို​တွေ့လိုက်​သည်​ ။

"ဒီက Kim Nana လားမသိဘူး​ဗျ..."

သူမရှိရာသို့သွားပြီး စတင်​နှုတ်​ဆက်​လိုက်​​သောအခါ သူတို့နှစ်​​ယောက်​အားကြည့်​ပြီး သူမ​လေးက ပါးစပ်​ကိုပါ လက်​ဖြင့်​ပိတ်​မိ​လောက်​​အောင်​ အံဩသွားပုံ​ပေါ်သည်​ ။

"ကျွန်​မနဲ့ လက်​ထပ်​ရမယ်​လို့ ​ပြောတဲ့သူက Baek..Baekhyun လား  "

"​အင်း ဟုတ်​ပါတယ်​ "

"ဟာ ကျွန်​မက Baekhyun Fangirl ပါ......Chanbaek shipper ဆိုလဲဟုတ်​တယ်​...အိုက်​စ်​ အခုလို နှစ်​​ယောက်​သားကို အပြင်​မှာ တွဲမြင်​လိုက်​ရ​တော့ ​သေ​ပျော်​ပါပြီအ​မေ​ရေ...."

သူမ​ပြောလိုက်​​သော စကား​ကြောင့်​ Baekhyun ဆက်​​ပြောရမှာ​တောင်​ နင်​သွားသည်​ ။ တစ်​ချိန်​လုံး မျက်​​မှောင်​ကြီး ကုတ်​ထားသည့်​ Chanyeol ကထိုအချိန်​မှ ပြုံးလာနိုင်​ပြီး ခုံ​အောက်​မှ Baekhyun လက်​​လေးကို ဆုပ်​ကိုင်​လိုက်​သည်​ ။

Dreams(Completed)Donde viven las historias. Descúbrelo ahora