Dreams ep 20

2.1K 160 5
                                    

နှစ်​နှစ်​.......
နှစ်​နှစ်​ဆို​သောအချိန်​က ကုန်​ဆုံးခဲ့​လေပြီ.....
သူနဲ့​ဝေးခဲ့ရသည်​ကလည်းနှစ်​နှစ်​ပင်​လျှင်​ ရှိခဲ့​ပေပြီ....
အချိန်​နှင့်​အမျှ​ လွမ်း​နေ​သော်​လည်း ကိုယ်​တို့နှစ်​ဦး၏ ကွဲကွာခြင်း က ကိုယ်​ကိုယ်​တိုင်​ ပြုလုပ်​ခဲ့တာမို့ ။ အရင်​တုန်းကလိုဘဲ Fanboy အဖြစ်​ပြန်​သွားပြီး သူ့ရဲ့အ​ကြောင်း​တွေကို ကြည့်​ရတာ​တော့ အဆင်​​ပြေ​နေပုံပင်​ ။ လူ​တွေအများကြီး​ရှေ့မှာ ကျင်းပခဲ့တဲ့ ​စေ့စပ်​ပွဲက​တော့ စည်​ကားလှတယ်​။ ဒါ​ပေမဲ့ အခုထိ မင်္ဂလာမ​ဆောင်​​သေးတာက​တော့ ဘာအ​ကြောင်း​ကြောင့်​လဲ​တော့မသိ ။

ကျွန်​​တော်​က​တော့ သူ့ကိုစာတစ်​​စောင်​နဲ့လမ်းခွဲခဲ့ပြီး ​ဒေါ်​လေးရှိရာ   US သို့​ရောက်​လာခဲ့တယ်​။ ​ကျောင်းကို ဟိုမှာ တစ်​နှစ်​​လောက်​သာတက်​ခဲ့ရပြီး အခု​တော့ Online က​နေသာတက်​ခဲ့တယ်​။
ကျွန်​​တော်​ ဝါသနာပါတဲ့ Fashion အ​ကြောင်းကို သင်​တန်း​တွေ တက်​ခဲ့ပြီး​ အခု​တော့ အ​တော်​အတန်​နာမည်​ရတဲ့ Designer ​လေးပင်​ဖြစ်​​နေခဲ့ပြီ။ ကျွန်​​တော့်​ရဲ့ ရည်​မှန်းချက်​ဖြစ်​တဲ့ ကျွန်​​တော်​ကိုယ်​တိုင်​ ဖန်​တီးထားတဲ့ ဝတ်​စုံ​တွေကို သူနဲ့တွဲမြင်​ချင်​မိတာက​တော့ မပြည့်​​မြောက်​နိုင်​​သေးဘူး​ပေါ့။

ကျွန်​​တော်​က အရင်​က Kpop Idol တစ်​​ယောက်​ဖြစ်​ခဲ့​တော့ ကျွန်​​တော်​​ပျောက်​သွားတာနဲ့ ပတ်​သတ်​ပြီး အစက​တော့ ​ပြော​နေ
ကြ​သေး​ပေမဲ့ အခု​တော့ အားလုံးက ​မေ့​မေ့​ပျောက်ေ​ပျာက်​ဖြစ်​သွားကြီပြီ​လေ။ US မှာက သိပ်​သိတဲ့လူမရှိ​တော့ သင်​တန်း​တွေတက်​ရတာ လွတ်​လွတ်​လပ်​လပ်​ရှိတယ်​။

သူ့ကိုလွမ်းတဲ့ အလွမ်း​တွေ​နေရာမှာ အလုပ်​​တွေကိုအစားထိုးခဲ့​တော့ အခုသိပ်​ပြီးလဲ မလွမ်း​တော့ဘူး ။ ကိုယ့်​ရဲ့ လက်​ရာကို ပိုပြီးဆန်းသစ်​​အောင်​ ဖန်​တီး​နေရ​တော့ အားလပ်​ချိန်​ကလဲ သိပ်​မရှိ​တော့​ချေ ။ ​ဒေါ်​လေးက အလုပ်​ကို ​လျော့လုပ်​ဖို့်​ပြော​ပေမဲ့လည်း ကိုယ့်​အ​ခြေ​အ​နေကိုယ်​သာသိတာမို့ နားမ​ထောင်​လိုက်​​တော့။

Dreams(Completed)Where stories live. Discover now