Dreams ep 28

2.3K 159 7
                                    

Baekhyun အိမ်​ရှိပန်းခင်း​လေးကို ​ရေ​လောင်း​နေရင်းမှ အရင်​က အ​ကြောင်းအရာများက ​ခေါင်းထဲသို့ဝင်​​ရောက်​လာသည်​ ။  Chanyeol နဲ့အတူ ဒီအိမ်​​လေးမှာ အတူတူ အချိန်​​တွေကုန်​ဆုံးခဲ့ဖူးသည်​မဟုတ်​လား ။

"အာ Baekhyun ဘာဖြစ်​လို့အရင်​ကဟာ​တွေစဉ်းစား​နေရတာလဲ သူက​တော့ ဒီ​နေ့ဘဲမင်္ဂလာ​ဆောင်​​နေပြီ ​တော်​ပြီ ​မေ့ရမယ်​ ဟုတ်​တယ်​ ​မေ့ကို​မေ့ရမယ်​"

Baekhyun ကိုယ်​​ခေါင်းကိုကိုယ်​ထုရင်း သတိ​ပေး​နေသည်​ ။ ဖုန်းလဲမဖွင့်​ကြည့်​သဖြင့်​ Trending ဖြစ်​​နေ​သော သတင်းများကိုလည်းမသိ​သေး ။ Kai ကို Busan တစ်​ဝိုက်​လိုက်​ပို့​ပေး​နေရသဖြင့်​ မအားလပ်​ခြင်းဖြစ်​သည်​ ။

"​ဟေ့ Baekhyun ဘာ​တွေစဉ်းစား​နေတာလဲ "

အ​တွေးလွန်​​တေ၍ ​ရေပိုက်​ကိုကိုင်​ကာ ​ကျောက်​ရုပ်​သဖွယ်​ရပ်​​နေ​သောသူ့ကို Kai ကလှမ်း​မေးလာခြင်းဖြစ်​သည်​ ။

"ဘာမှမဟုတ်​ပါဘူး ဒီလိုဘဲလူတစ်​​ယောက်​အ​ကြောင်းစဉ်းစား​နေမိတာပါ "

"Baekhyun ငါအရင်​တုန်းက မင်းအ​ကြောင်းမ​မေးခဲ့ဘူးဖူး​နော်​ ဒါ​ပေမဲ့ တစ်​​ယောက်​ထဲခံစား​နေမဲ့အစား ငါ့ကိုရင်​ဖွင့်​လိုက်​ပါလား ဒါမှမင်းရင်​ထဲ​ပေါ့သွားမှာ​ပေါ့ "

"ရပါတယ်​ ငါ့အပူ​တွေကိုမင်းကို တစ်​ဆင့်​မ​ပေးချင်​ဘူး ငါ့ကိုနားလည်​​ပေးပါ "

"ရပါတယ်​ ဒါ​ပေမဲ့ မင်းရင်​ဖွင့်​ချင်​ရင်​ငါ့ဘက်​က အချိန်​မ​ရွေး welcome ​နော်​ "

"သိပါပြီကွာ "

"Baekhyunee ​ရေ ဧည့်​သည်​လာတယ်​ ..."

Kai နဲ့စကား​ပြော​နေတုန်း ​ပြောလိုက်​​သော omma အသံ​ကြောင့်​ Baekhyun အိမ်​​ရှေ့သို့ထွက်​လာလိုက်​သည်​ ။ အိမ်​​ရှေ့မှသူက ​နောက်​​ကျော​ပေးထားသဖြင့်​ Baekhyun သူ​ရောက်​​နေတာကိုသိ​သော ငယ်​သူငယ်​ချင်းတစ်​ဦးဖြစ်​မည်​ဆို​သော အမှတ်​ဖြင့်​ ပုခုံးကိုအသာပုတ်​၍ ​မေးလိုက်​သည်​ ။

"ဒူကူ..."

သူ့စကားမဆုံးခင်​မှာပင်​ သူ့ဘက်​သို့လှည်​လာ​သော လူ​ကြောင့်​ အလွန်​အံဩကာ ပါးစပ်​ကိုပင်​လက်​​လေးနဲ့ပိတ်​မိလိုက်​​လေသည်​ ။

Dreams(Completed)Where stories live. Discover now