Dreams ep 2

5.3K 366 9
                                    

"ဝါး လူ​တွေကလည်းများလိုက်​တာ ​အေး​လေ သူဆိုတာကလည်း နည်းနည်း​နော​နော​အောင်​မြင်​တာမှမဟုတ်​တာ ဟုတ်​ပြီ ပွဲလဲမစ​သေးဘူးဆို​တော့ ခဏ​လောက်​​လျှောက်​လည်​ရမယ်​ ဟင်းဟင်း"

Byun Baekhyun တစ်​​ယောက်​ပွဲမစ​သေးသဖြင့်​ ပွဲအတွင်း​​မုန့်​ဆိုင်​များဘက်​သို့​လျှောက်​လာ​လေသည်​။

"ဘာမှလဲမစားရ​သေး​တော့ ဗိုက်​ကလည်းဆာလိုက်​တာ ဟွန်း မုန့်​​တွေ မုန့်​တွေ​နော်​ Byun Baekhyun ကို မြူ ဆွယ်​​နေတယ်​​​ပေါ့ ငါစားလိုက်​ရင်​တစစီဖြစ်​သွားပြီး ငါ့ဗိုက်​မှာဂူ​အောင်း​နေရမယ်​"

မုန့်​​တွေကိုပြစ်​မှား​နေရင်း လမ်း​လျှောက်​လာ​တော့ ​ရှေ့ကိုမမြင်​ဘဲ လူတစ်​​ယောက်​နဲ့ တိုက်​မိ​လေသည်​။ ထိုလူကလဲ ​ဘေးကြည့်​လိုက်​​နောက်​လှည့်​ကြည့်​လိုက်​နဲ့​လျှောက်​လာသဖြင့်​ ထိုသို့တိုက်​မိကြခြင်းပင်​ဖြစ်​သည်​။

Baek pov:"ဘာလဲဟ လူတစ်​​ယောက်​လုံးကိုဝင်​တိုက်​ပြီး ​တောင်းပန်​စကားလဲမ​ပြောဘူး ပုံစံကိုက အစင်းသုံး​ကြောင်း​ဘောင်းဘီကြီးနဲ့ မျက်​မှန်​အမည်းကြီးကလည်းတပ်​ထား​သေး mask လဲအုပ်​ထား​သေး မဟုတ်​တာတစ်​ခုခုလုပ်​မလို့လားမသိဘူး Video ​တွေထဲကလို တစ်​​ယောက်​​ယောက်​ကိုလုပ်​ကြံမလို့လားမသိဘူး ဟင်​  ဒါဆိုရင်​ Yeol အတွက်​ မ​ကောင်းဘူး ဒါ​​​​ပေမဲ့ မစိုးရိမ်​ပါနဲ့ Yeol ရယ်​ဒီက Byun Baekhyun ကကာကွယ်​​ပေးမှာ
ပေါ့ "

"ဒီမှာ ခင်​ဗျားလူတစ်​​ယောက်​လုံးကိုဝင်​တိုက်​ပြီး ​မတောင်းပန်​တက်​ဘူးလား Byun Baekhyun တဲ့​နော်​ နှစ်​ baek ရှိရင်​ အရည်​ကြို​သောက်​ပြီး ဟင်းချက်​ပစ်​မယ်​ လူကိုဘာမှတ်​​နေလဲ"

Chanyeol လဲသူ့​ရှေ့မှ​နေ၍ သူ့နာမည်​ကိုကြွား​နေ​သော သူနှင့်​တိုက်​မိသည့်​​က​လေးကို ကြည့်​ပြီးရယ်​ချင်​စိတ်​ကို ထိန်းထားရသည်​။နှုတ်​ခမ်းကိုဆူကာ ရန်​​တွေ့​နေ​သောထိုက​လေးကိုလဲ အသည်းယားလျက်​ရှိသည်​။ကောင်​​လေးကိုကြည့်​ရတာလဲ အလယ်​တန်း​လောက်​သာရှိမည်​ထင်​ရ​သော​ကြောင့်​ စိုးရိမ်​စိတ်​အနည်းငယ်​ ဖြစ်​သွား​လေသည်​။

"က​လေး ညဘက်​ကို​တောင်​​ရောက်​​နေပြီ မိဘ​တွေမပါဘူးလား တစ်​​ယောက်​တည်းသွားတာအန္တရယ်​များတယ်​​လေ အိမ်​ကိုပြန်​​တော့​လေ "

Byun Baekhyun တစ်​​ယောက်​သူ့ကို က​လေးဟု​ပြော​သော mask တပ်​ထား​သောသူ​ကြောင့်​ ​ဆွေ့​ဆွေ့ခုန်​သွား​လေသည်​။သူ့အသက်​က ၁၈ ​ကျော်​လို့ ၁၉ ထဲပင်​ဝင်​​နေပြီမဟုတ်​လား။

မိမိအား က​လေးဟု​ပြောသည်​ကို အမှန်​ပင်​မကြိုက်​ပါ။

"ဒီမှာ လူကြီးကြီး ကျွန်​​တော်​က​လေ ၁၈ ​ကျော်​လို့ ၁၉ နှစ်​ထဲ​ရောက်​​နေပြီသိလား အခု​ခေတ်​မှာ ဒီအရွယ်​က မိန်းမယူပြီး က​လေး ၃ ​ယောက်​​လောက်​​တောင်​​မွေးလို့ရ​နေပြီဆိုတာ လူကြီးကြီး သိရင်​​ကောင်းမယ်​။"

Chanyeol တစ်​​ယောက်​ အ​​ချေဆိုက်ဖြင့် လက်က​​လေးကို ပိုက်ကာ​ သူ့ကိုသူလူကြီးဖြစ်​​နေပြီဖြစ်​​ကြောင်း​ပြော​နေသည့်​ ​ကောင်​​လေးကိုကြည့်​ပြီး ရယ်​ချလိုက်​​လေသည်​။ ထို့​နောက်​ show ပွဲ​ဖျော်​​ဖြေရဦးမည်​ကို သတိရကာ လက်​ကနာရီကိုကြည့်​ပြီး သည်​နှင့်​ အလျင်​အမြန်​​တောင်းပန်​စကား​ပြောလိုက်​​လေသည်​။ မဟုတ်​လျှင်​ သူ့ပါးစပ်​က ဘာ​ပေါက်​ကရ​တွေထွက်​လာမည်​မသိ။

" ကဲကဲ ငါကဘဲ​တောင်းပန်​ပါတယ်​ကွာ ဟုတ်​ပြီလား အခု​တော့ သွားရ​တော့မယ်​"

"​ကောင်းပြီ​လေ အဲဒီဘက်​က ​တောင်းပန်​စကား​ပြော​တော့လဲ ဒီကByun Baekhyun ​လေးကသ​ဘောထားကြီးစွာနဲ့ ခွင့်​လွှတ်​​ပေးရမှာ​ပေါ့ Baek လဲသွားရ​တော့မယ်​ ကိုယ့်​ baby Park Chanyeol ​လေး show ပွဲကစ​တော့မှာ​လေ ဟဲဟဲ"

သူ့ကို Baby ဟု​ပြော​နေ​သော အနှီ​ပေါက်​စ​လေးအား မနိုင်​ဘူးဟူ​သော အကြည့်​နဲ့ကြည့်​ကာ Chanyeol ​လဲသူ့အနားမှ ​ပြေးထွက်​လာရ​တော့​လေသည်​။

Dreams(Completed)Where stories live. Discover now