Dreams ep 24

2.2K 169 3
                                    

Company မှာ ချစ်​ရသူကို အမြဲ​တွေ့​နေရ​ပေမဲ့ သူစိမ်းလိုဆက်​ဆံ​နေရသည်​က အလွန်​ပင်​ ဆိုးဝါးလှသည်​ ။ ​သူ့ရဲ့ ​နောက်​ထပ်​ ထွက်​သွားမည်​ဆို​သော စကားတစ်​ခွန်း​ကြောင့်​ သည်းခံပြီး ထိန်းချူပ်​​နေရခြင်း ။ မနီး​ပေမဲ့ မ​ဝေးတဲ့​နေရာမှာသာ ထားချင်​ခြင်း​​ကြောင့်​ မြင်​သာမြင်​ရ မကြင်​ရဘဝမှာ ကျင့်​သားရသွား​အောင်​ ​နေရဦးမယ်​။ ​နောက်​ထပ်​ မိမိအနားမှ အ​ဝေးသို့ မသွား​စေချင်​​သော အတ္တ​ကြောင့်​ မျက်​နှာချင်းဆိုင်​ ​တွေ့လျှင်​ပင်​ အကြည့်​လွှဲလိုက်​ရသည်​။

"CEO ရဲ့အ​ဖေ​ရောက်​​နေပါတယ်​"

"ဝင်​လာခိုင်းလိုက်​"

အတွင်း​ရေးမှူးက ဖုန်းမှတဆင့်​ ​ပြောလာ​သော​ကြောင့်​ ဝင်​ခိုင်းလိုက်​သည်​။ အ​ဖေဆိုသည်​ကလည်း မ​တွေ့လိုက်​နဲ့ ​တွေ့တာနဲ့ ဒီလက်​ထပ်​မဲ့ ကိစ္စဘဲ ​ပြောစရာရှိတာလားမသိ။ အခုလဲ ထိုကိစ္စဘဲ​နေမည်​။

"Park Chanyeol မင်းဘာအချိုး​တွေချိုး​နေတာလဲ ဟို​နေ့က စား​သောက်​ဆိုင်​သွားပြီး Junny ကိုတစ်​​ယောက်​တည်းထားခဲ့တယ်​ဆို"

ဝင်​လာလာချင်း ​ပြောလိုက်​​သော စကား​ကြောင့်​ Chanyeol စုပ်​သာသပ်​လိုက်​သည်​။ ဟိုမိန်းမ တိုင်​ထားပြန်​ပြီထင်​တယ်​။

"ဟုတ်​လား ငါ​ပြော​နေတယ်​​လေ မင်းက ဂရုမစိုက်​တာလား"

"သူအတင်း​ခေါ်သွားလို့ ကျွန်​​တော်​လိုက်​သွားရတာ အဲဒီမှာ အသိတစ်​​ယောက်​နဲ့​တွေ့လို့ ထားခဲ့တာ​လေ"

"Junny ထက်​ဘယ်​သူက အ​ရေးကြီးလို့လဲ "

"ကျွန်​​တော့်​ဘဝမှာ သူကအ​ရေးမကြီးဆုံးဘဲ ကျန်​တာအားလုံးက အ​ရေးကြီးတယ်​ Appa လဲအသက်​ကြီး​နေပါပြီ အတ္တ​တွေ​လျှော့လိုက်​ပါ​တော့ ကျွန်​​တော့်​ အိမ်​​ထောင်​​ရေး ကျွန်​​တော်​ ဆုံးဖြတ်​ပါရ​စေ "

"မရဘူး ငါဒီလိုလုပ်​​နေတာ​တွေက မင်းအတွက်​ဘဲ မင်း Junny ကိုလက်​ထပ်​လိုက်​တာနဲ့ အားလုံးက ကိုယ့်​အတွက်​ချည်းဘဲ လက်​ထပ်​ဖို့ကို ဟို​ရွှေ့ဒီ​ရွှေ့လုပ်​မ​နေနဲ့ "

Dreams(Completed)Where stories live. Discover now