Dreams ep 25

2.3K 166 3
                                    

ကြီးမားကျယ်​ဝန်း​သော ခြံဝင်းထဲတွင်​ ​ရောင်​စုံမီးများက
ပြိုးပြိုးလတ်​လတ်​​တောက်​ပ​နေသည်​ ။ ​ကျော်​ကြား​သော စီးပွား​ရေး လုပ်​ငန်းရှင်​ကြီး၏ ဂုဏ်​ပြုညစာစားပွဲဖြစ်​​သော​ကြောင့်​ ထိုနယ်​ပယ်​မှလူများ အားလုံးတက်​​ရောက်​ဂုဏ်​ပြု ကြသည်​။

ထိုစဉ်​ခြံဝင်းထဲသို့ဝင်​လာ​သော ကားတစ်​စီး​ကြောင့်​ လူအများ၏ စိတ်​အာရုံက ထိုကားမှဆင်းလာ​သော သူနှစ်​​ယောက်​အ​ပေါ်ကို ကျ​ရောက်​သွားသည်​။ ထိုသူတို့ကား Chanyeol နဲ့ Junny ပင်​ဖြစ်​သည်​ ။ ကင်​မရာမီးများက တစ်​ဖြတ်​ဖြတ်​လတ်​​နေကြကာ သူတို့နှစ်​​ယောက်​၏ အပြုအမှု တစ်​ခုချင်းစီကို မလွတ်​တမ်း ရိုက်​​နေကြသည်​။ မင်းသား မင်းသမီးများပီပီ အပြုံးတုကိုယ်​စီဆင်​မြန်းကာ Chanyeol ၏လက်​ကို Junny ကချိတ်​လျက်​ ဝင်​လာကြသည်​။

Park Yongmin နဲ့ Junny အ​ဖေတို့က ဝင်​လာ​သောသူတို့နှစ်​ဦးကို သ​ဘောတကျကြည့်​ကာ အချင်းချင်း ရယ်​ရယ်​​မော​မောဖြင့်​  စကား​ပြော​နေကြသည်​။

"​ရောက်​လာကြပြီလား "

"ဟုတ်​ကဲ့ "

"Chanyeol ​ရေ မင်းနဲ့ Uncle သမီးနဲ့က မကြာခင်​ လက်​ထပ်​ကြ​တော့မှာ ဆို​တော့ သူ့ကိုဂရုစိုက်​​ပေးလိုက်​ပါကွာ သူသွားတိုင်း မင်းမအားဘူးလို့ချည်း ​ပြော​နေတယ်​ ဟဟ"

"ဒါ​ပေါ့ ဂရုစိုက်​​ပေးရမှာ​ပေါ့ ​သေချာကို ဂရုစိုက်​​ပေးလိုက်​ပါ့မယ်​ "

Park Chanyeol ကခပ်​ရွဲရွဲ​ပြော​သော်​လည်း Junny အ​ဖေက အတည်​​ပြောသည်​ထင်​ကာ သ​ဘောကျ​နေ​သော်​လည်း သိ​သော Park Yongmin နှင့်​ Junny တို့က မျက်​နှာပျက်​​နေကြသည်​။

"​အေးကွာ မင်းတို့လဲ မြန်​မြန်​ယူမှဘဲ မင်းကလည်း တစ်​ဦးတည်း​သော သား ။ ငါတို့ Junny ​လေးကလည်း တစ်​ဦးတည်း​သော သမီး ငါတို့မျိုးဆက်​အတွက်​ မင်းတို့ကိုဘဲ အားကိုးရမှာဘဲ အားလုံးတစ်​စီးပွားတည်းဖြစ်​ပြီး ​မြေး​လေးအတွက်​​ပေါ့ကွာ"

"အ​ဖေကလည်း "

Junny ၏အ​ဖေ အရှက်​မရှိချက်​က သမီးနည်းတူပင်​ဖြစ်​သည်​။ ဒါကိုပင်​ သမီးဖြစ်​သူက feel ကာ မျက်​နာကနီရဲ​နေသည်​။
နောက်​ဆုံး​တော့လည်း ဒီမင်္ဂလာပွဲက သူတို့အကျိုးစီးပွားအတွက်​ပင်​ ဖြစ်​​ပေသည်​။

Dreams(Completed)Where stories live. Discover now