Part-11(Z and U)

7.1K 836 154
                                    

Zawgyi

တက္ကသိုလ်​ဆိုင်​ရာအားကစားပွဲ​တွေနီးကပ်​လာသည်​နှင့်​အမျှ ​လေ့ကျင့်​မည်​ဟူ​သောအ​ကြောင်းပြချက်​​တွေနဲ့ အတန်းထဲက​ကျောင်းသားပမာဏဟာ တစတစ​လျော့ပါးလာသည်

တစ်​​နေ့ အချိန်​ဘယ်​​လောက်​ယူကာ​လေ့ကျင့်​သည်​မသိ မနက်​၉ နာရီမှ ည​နေ၄ နာရီထိဖြစ်​​သော​ကျောင်းအချိနိအတွင်း အတန်းထဲ​ရှိ​ကျောင်းသားဟူသည်​က​ရှားပါးရတနာလို

လူရာချီရှိ​သော စာသင်​ခန်းသည်​ ဆယ်​​ယောက်​ပင်​မပြည့်​​သော​ကျောင်းသားနှင့်​ လာတဲ့​ကျောင်းသား​တွေအား အားနာသည်​ဟူ​သော အ​ကြောင်းပြချက်​​တွေနဲ့အတန်းဝင်​​နေတဲ့ Trအချို့သာရှိသည်

တကယ်​ကို ​လေ့ကျင့်​​နေ​သော​ကျောင်းသားများရှိသလို ဘာအားကစားမှမပါဝင်​ပါဘဲ သူငယ်​ချင်းကိုပဲအား​ပေးသ​ယောင်​​ယောင်​ ​အတန်းလစ်​တဲ့သူ​တွေကလည်းမနည်းမ​နော

စာသင်​ခန်းထဲ​နေလည်း စာမရမည့်​အတူတူ လစ်​လို့ရတုန်း အပီလစ်​​နေကြတာ​တွေ

ကန်​တင်းနဲ့ ​ကျောင်းပန်းခြံကခုံ​တွေဆိုတာ လက်​ကိုမလည်​ဘူး...

အတန်းထဲရှိတဲ့သူ​တွေကို စာပြန်​​မေးဖို့က​တော့ စိတ်​​တောင်​မကူးမိပါ

သူတို့လည်း ဘာမှနားလည်​ကြမှာမဟုတ်

အတန်းမြဲတာဆိုတာ သူတို့ကြည့်​ပြီးသားK Dramaကိုစားမြုံ့ပြန်​ဖို့​နေရာ​ကောင်းတစ်​ခုရှာခြင်းသာဖြစ်​​ပေလိမ့်​မည်

အားကစားပွဲချိန်​​တွေနီးလာလို့ စာသင်​တာ​တွေ​လျော့မယ်​မထင်​ပါနဲ့

ကျောင်းပျက်​တာ​ကျောင်းသား​တွေအပိုင်း စာသင်​ဖို့ကဆရာ​တွေတာဝန်​လို့ဆိုရမလိုကိုပဲ သင်​ကြားချိန်​တို့ကတရပ်​စပ်​....
...............
အတန်းထဲကTrထွက်​သွားသည်​နှင့်​ ​တောင်​ခြစ်​​မြောက်​ခြစ်​လုပ်​ထားသည့်​စာရွက်​ကို​ခေါက်​ကာ စာအုပ်​ကြားညှပ်​လိုက်​သည်

စာသင်​ချိန်​အိပ်​ငိုက်​မှာစိုးတာ​ကြောင့်​ ဘာရယ်​မဟုတ်​ သင်​ခန်းစာ စာအုပ်​ထဲက​တွေ့သမျှစာ​ကြောင်း​တွေကိုမျဉ်းသားတတ်​တဲ့အကျင့်​​လေးကလည်းရှိတာမို့ ထုတ်​ထားမိတဲ့​ပေတံနဲ့ ခဲတံကို ​ဘောပင်​အိတ်​ထဲပြန်​ထည့်​ရသည်

Antidote(COMPLETED)Where stories live. Discover now