Part-26( Z and U)

5.4K 649 68
                                    

Zawgyi

Dalju Water Festival💦💦

Facebookမှာ​တွေ့ရတဲ့ Postတစ်​ခုကြည့်​ကာ Jun Myeonတက်​ကြွသွားသည်​။

ကျောင်း​တွေပိတ်​​နေ​ပေမဲ့ ကြားသင်​တန်း​တွေတက်​​နေတဲ့Yixing၊ဒါ့အပြင်​ သူ့စာ​တွေကိုလည်းမပြတ်​​လေ့လာရ​သေးသည်​။

ကိုယ်​လည်းစာများတာမှန်​​ပေမဲ့ ​ကျောင်း​ပိတ်​ရက်​မှာ သူ့လိုစာကြည့်​ဖို့မ​ပြောနဲ့ စာအုပ်​​တောင်​မကိုင်​။

ကွာ​တော့ကွာသည်​။ Zhang Yixingက တကယ့်​ကို သူသင်​ကြားရတဲ့ပညာရပ်​အ​ပေါ် စိတ်​နှစ်​ပြီးသင်​တာ။

Jun Myeon​ဆိုဝါသနာပါ​ပေမဲ့ သူ​လောက်​​တော့မဟုတ်​။ လုပ်​ငန်းထဲ​ရောက်​ရင်​ တဖြည်းဖြည်း သင်​သွားလိမ့်​မယ်​ဆိုတဲ့စိတ်​နဲ့ Just for Examအတွက်​ပဲကြိုးစားတာများ​နေတာ။

တကယ်​ပါပဲ တိုးတက်​ရာတိုးတက်​​ကြောင်းလုပ်​​နေတဲ့ သူကိုသွားပြီးလည်းမတားဆီးရက်​။ သူ့ခင်​ဗျာ မအားတဲ့ကြားက ကိုယ်​နဲ့လည်းအချိန်​က​ပေးရ​သေး။

ဒါနဲ့ ​နေပါအုန်း ။ချစ်​သူဘဝမှာ​တောင်​ သူ့မှာ ဒီ​လောက်​အလုပ်​များ​နေရင်​ ​နောက်​ပိုင်း လက်​ထပ်​တာ​တွေဘာ​တွေပြီးရင်​​ရော်​။

အယ်​...​တွေးတာလွန်​​နေပြီိများလား။

ဒါ​ပေမဲ့လည်း ​နောက်​ပိုင်းJun Myeonကိုလုံးဝဂရုမစိုက်​ရင်​​ကော။
တွေးရင်းနဲ့ Yixingတစ်​​ယောက်​ သူစာ​ဖတ်​​နေတာကို လာရှုပ်​လို့ဆိုပြီး Jun Myeonကိုဂုတ်​ကဆွဲကာ ပစ်​လိုက်​တဲ့ပုံရိပ်​ကိုမြင်​လာသည်​။

ဟာ.....move...move ဘာ​တွေ​တွေး​နေတာလည်း။ မရပါဘူး။ Yixingကစာထက်​​တော့သူ့ကိုပိုချစ်​မှာပါ။

စာရမှ ပိုက်​ဆံရမှာ ။ ပိုက်​ဆံရမှJun Myeon​လေး​ပျော်​​အောင်​ထားနိုင်​မှာ။

ဟုတ်​တယ်​။ Yixingက Jun Myeonအတွက်​စာကြိုးစားတာ။

"ဟား...ဟား" မှန်​ထဲကို​သေချာကြည့်​ကာ ​မေး​စေ့ကိုလက်​နဲ့ပွတ်​ပြီး လူမိုက်​လိုရယ်​လိုက်​သည်​။

ဘာပဲဖြစ်​ဖြစ်​ Yixingနဲ့ Water festivalသွားရမယ်​။ သူလည်းစိတ်​ကြည်​သွား​အောင်​။ Oki.....။

Antidote(COMPLETED)Where stories live. Discover now