Part-28 (Z and U)

5.1K 652 82
                                    

Zawgyi

Jun Myeonတို့ ​ကျောင်းပြန်​တက်​ရတာ နှစ်​ပတ်​ပင်​​ကျော်​ခဲ့ပြီ။ ​ကျောင်းစဖွင့်​ပါပြီဆိုကတည်းက ​ဖြေလိုက်​ရတဲ့Practical test​တွေကဆက်​တိုက်​။Practical ကJun Myeonအတွက်​တို့်​စိတ်​လည်းဝင်​စားတဲ့အရာမို့ ချိုင်းပ​လေးသာသာပဲရှိသည်​။

Pharmacognosyဌာနကရှာခိုင်း​သော အပင်​မျိုးစိတ်​​တွေအ​ကြောင်းကိုPaperတစ်​​စောင်​လုပ်​​နေရတာရယ်​၊Pharmaceutical Chemistry ဌာနမှူးရဲ့အမိန့်​အရ ​ဆေးတချို့ရဲ့ Forms​တွေStructure​တွေ၊ပြီး​တော့Uses​တွေ၊Preparationလုပ်​နည်း​တွေကို ရှာ​ဖွေစုသည်း​နေရတာ​တော့ရှိသည်​။

သိပ်​​တော့မပင်​ပန်း၊ဒီ​နေရာမှာ Jun Myeonရဲ့ ချစ်​သူက ​ဇော်​ကြီး။ စာကြည့်​တိုက်​မှာစာရှာကူအုန်းလို့ပါးစပ်​ဟလိုက်​တာနဲ့ စာအုပ်​ထူကြီး​တွေယူလာပြီး တန်းရှာ​ပေး​တော့သည်​။ကူလီကူမာ​တွေချွဲစရာမလို​အောင်​ကိုအလိုက်​သိ​သောZhang Yixingပင်​ဖြစ်​သည်​။

ဘယ်​​လောက်​​တောင်​ချစ်​ဖို့​ကောင်းလဲဆို​တော့ သူချည်းစာရှာ​ပေးရင်​Jun Myeon​ဘာမှမရပဲ​နေမယ်​ဆိုပြီး Noteထုတ်​ဖို့ပါစီ်​စဉ်​​ပေးထားသည်​။

"Yrr..Kim Jun Myeonအ​တောင့်​လိုက်​ကြီးရပ်​မ​နေနဲ့ ...ဟိုမှာEC​ခေါ်​နေပြီသစ်​ပင်​လာစိုက်​တဲ့" ကိုယ့်​အ​တွေး​လေးနဲ့ကိုယ်​သာယာ​နေရင်းက​နေ စူးခနဲအ​အော်​ခံလိုက်​ရတဲ့Jun Myeon။

တရားခံက​တော့ သူမဟုတ်​တဲ့အတိုင်း သစ်​ပင်​​တွေ​ကို​ရေလိုက်​​လောင်း​နေတယ်​။နေစမ်းပါအုန်း သစ်​ပင်​​ရေ​လောင်းတာ​တောင်​ သူတို့ကအတွဲလိုက်​လုပ်​​နေ​သေးသည်​။

ရေ​လောင်းတဲ့ပုံးကြီးကိုင်​ထားတဲ့ Chemရဲ့​နောက်​က​နေ ခါးကိုအတင်းဖက်​ပြီး​ရေပုံးလိုက်​လု​လောင်း​နေတဲ့Xiumin။ ဟိုကလည်းဖက်​ထားတဲ့လက်​​တွေကိုကိုင်​ထားပြီး ​ရှေ့က​နေစပ်​ဖြီးဖြီးနဲ့။

ဘယ်​လို​တောင်​ စိတ်​ပျက်​ဖို့​ကောင်းလိုက်​လည်း။Xiuminကိုအဲ့​လောက်​ထိယွစကီးထမယ်​Jun Myeonမထင်​ခဲ့မိပါ။

အထက်​တန်းတုန်းက သူငယ်​ချင်းမဟုတ်​​သေး​ပေမဲ့ တစ်​တန်းထဲမို့ သတိထားမိပါသည်​။ တည်​ကြည်​ကြည်​ဒီဇိုင်းနဲ့မို့ မိန်းက​လေး​တော်​​တော်​များများရဲ့ကျိတ်​ပုံးCrushဖြစ်​ခဲ့သည်​​လေ။

Antidote(COMPLETED)Where stories live. Discover now